LA (18)

5.7K 824 211
                                    

" ဘယ်ရောက်သွားတာလဲ? "

ဒီနေ့မှာတော့ ပန်းနတ်ဘုရားလေးဟာ နန်းတော်အတွင်း၌ ဂျောင်ကျိုဂျောင်ကြားထောင့်ချိုးလေးတွေပါ မကျန်အောင်အထိကို တစ်ခုတစ်ရာကိုသာ အသည်းအသန် ရှာဖွေနေခဲ့လေသည်။ နန်းတော်ကြီး၏အတွင်းတွင် ဘယ်လောက်ပဲရှာပါစေ ရှာမတွေ့ဘူးဖြစ်ခဲ့နေတာကြောင့် နန်းတော်၏ အပြင်ဘက်သို့ထွက်ကာဖြင့် Jiminထပ်မံပြီး ပျောက်ရှသွားခဲ့သော ထိုအရာလေးအား ရှာဖွေနေခဲ့မိ၏။

" အပြင်မှာလဲမရှိပါလား? ဘယ်ကိုထွက်ပြေးသွားတာလဲ!"

Jiminယခုရှာနေခဲ့သည့် အရာလေးဟာ ဥယျာဥ်တော်အတွင်းမှ သူကိုယ်တိုင် မင်းသား Jeonနှင့်တူပါသည် ဟုပြောခဲ့ဖူးသော ယုန်ဖြူလေးကိုသာ ဖြစ်လေသည်။

ဥယျာဥ်တော်ထဲမှာ Jiminအမြဲတစေ သေချာလိုက်လံရှာဖွေနေမှသာ တွေ့ခွင့်ရတဲ့ ထိုယုန်ဖြူလေးအား သူ့ရဲ့အနီးအနားမှာသာ ထားချင်ခဲ့မိသည့်အတွက် Jiminခေါ်လာခဲ့မိသော်လည်းပဲ ကိုယ်ပေါ်ကနေ ရုတ်တရက်ကြီး ခုန်ဆင်းသွားခဲ့ပြီး ရှာလို့လုံးဝမတွေ့ပေ။

" Jimin~~ ဘာဖြစ်လို့လဲ~~"

ထိုအချိန်မှာ နန်းတော်၏အပေါက်ဝအနားတွင် ဟိုလှုပ်ဒီလှုပ်ဖြင့် အလုပ်ရှူပ်နေခဲ့သော ပန်းနတ်ဘုရားလေးရဲ့အနားသို့ အမြဲတမ်းခွာမရအောင် လိုက်ကပ်နေတတ်သည့် မျက်လုံးဝိုင်းဝိုင်းလေးနှင့် တောက်တဲ့လေးဟာ ချက်ချင်း ရောက်ချလာခဲ့လေသည်။

ထိုတောက်တဲ့ကလေး၏ လည်ပင်းကဒဏ်ရာဟာ ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့ပြီဆိုပေမယ့်လည်း အနာကတော့ သေသေချာချာ မကျက်သေးပေ။ ဒါပေမယ့်လည်း ဘယ်သူတွေက ဘယ်လိုပဲအနားယူပါလို့ အခါတစ်ရာမက ပြောနေခဲ့ရင်တောင်မှ ' ပြောစကားနားထောင်ခြင်း ' ကြီးအား သူ့ရဲ့ဘုံရန်သူအဖြစ် သတ်မှတ်ထားခဲ့တဲ့ တောက်တဲ့လေးဟာတော့ တစ်ရက်မှငြိမ်ငြိမ်မနေခဲ့ပါ။

" ဥယျာဥ်ထဲက ယုန်လေးကို မွေးဖို့နန်းတော်ထဲခေါ်လာတာကို လက်ထဲကနေခုန်ဆင်းသွားလို့....အခုရှာလို့မတွေ့တော့ဘူး...."

" ဘယ်ရောက်သွားတာလဲမသိဘူး...လိုက်ရှာရလို့ မောတောင်မောလာပြီကိုဗျာ..."

Love Affair(Jikook)Where stories live. Discover now