( Uni)
ဘဝမှာ သနားခံရခြင်းဆိုတာကို ကြုံတွေ့ရလိမ့်မည်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့မိခဲ့ပါ။ ရွှေဇွန်းကိုက်ပြီး ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့ရသည့် ဘဝနှင့်ကြီးပြင်းလာသူ ကျွန်တော့်အတွက် သနားဂရုဏာသက်ခြင်းသည် ကျွန်တော်ကသာ စွန့်ကြဲရမည့် အရာဟု မှတ်ယူခဲ့လေသည်။ ဒါပေမယ့် ယခုတစ်ကြိမ်တော့ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေအားလုံး၏ စွန့်ကြဲလေသော သနားဂရုဏာသက်မှုကို ကျွန်တော် ခံစားနေရသည်။ ကျွန်တော် မလိုချင်ပါပဲ၊ လိုအပ်မနေပါပဲ ဘာလို့ ပေးနေသည်လည်း နားမလည်ခဲ့ပါ။
ဖေဖေတို့ အသုဘပွဲသို့ လာကျသည့် ဆွေမျိုး မိတ်ဆွေများအားလုံး၏ တူညီသော စကားတစ်ခွန်းက အားတင်းထားပါ ။ အားမငယ်နဲ့ ။ ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျွန်တော့်အတွက်တော့ အဖြစ်အပျက်အားလုံးက အိပ်မက်လို ဖြစ်နေဆဲပင်ဖြစ်သည်။ အမှန်တကယ်ပင် ကျွန်တော့် အနား၊ ကျွန်တော့်ဘဝထဲက ဖေဖေတို့ အပြီးအပိုင် နှုတ်ဆက်သွားလေပြီလားဆိုသည့် စိတ်အတွေးတွေက ဖြစ်နိုင်လို့လားဆိုသည့် အတွေးနှင့် လွန်ဆွဲနေခဲ့သည်။
ဒါပေမယ့် ဒါတွေအားလုံးဟာ အစစ်အမှန်တွေဆိုတာကို ဖေဖေတို့အား မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်မှ ခံစားခဲ့မိကာထိုအချိန်မှ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးမိခဲ့သည်။ တကယ်ပင် ကျွန်တော့် ကမ္ဘာကြီး မှောင်မိုက်ခဲ့လေပြီဆိုသည့်အတွေးက ကျွန်တော့်အား ထိတ်လန့်စေခဲ့သည်။" ခင်များတို့ ဒီလိုလုပ်လို့ မရဘူးလေ ။ သခင်းကြီးက အဲ့လို လုပ်ခဲ့မှာမဟုတ်ဘူး"
" ကျွန်တော်တို့က တာဝန်အရ လာလုပ်တာ ။ ခင်များ ဖြေရှင်းချင်ရင် အထက်ကို ပြောလိုက်ပါ"
အိမ်တော်ထိန်းပတ်၏ တားမြစ်နေသံတွေနှင့် အိမ်အကူများ၏ ဘယ်လိုလုပ်ကြမလဲဆိုသည့် တီးတိုးငြီးငြူသံတွေ ။ ပြီးတော့ ကျွန်တော် အိပ်ခန်းပါ မကျန် နေရာအပြည့်ကပ်ထားသည့် အဝါရောင်စာရွက်တွေ ။ ဇာတ်လမ်းတွေထဲမှာသာ မြင်ခဲ့ဖူးသည့် အနေအထားတွေက အခု ကျွန်တော့်မျက်စိ ရှေ့တည့်တည့်မှာ။ ဒါကြောင့် ရုပ်ရှင်တွေအများစုက ဘဝကို အခြေခံသည်လို့ ပြောခဲ့ကြခြင်းဖြစ်လိမ့်မည်။ ပစ္စည်းများကို တန်ဖိုးတွတ်ချက်နေသော လူအုပ်နှင့် တံဆိပ်လိုက်ကပ်နေသော လူအုပ်၏ မျက်နာများကတော့ ဘာခံစားမှုမှရှိမနေခဲ့ပါ။ သူတို့အတွက်တော့ ငိုကြွေးငြီးငြူခြင်းတွေက မထူးဆန်းတော့သည့် ပုံမျိုးပင်ဖြစ်မည်။
ပုံမှန်ဆို ဆူညံခြင်းကို မုန်းတီးသူ ကျွန်တော်အတွက် ထိုလူများကို အော်ဟစ်မောင်းထုတ်ဖို့ ဝန်မလေးသော်လည်း ယခုတော့ ကျွန်တော့်တွင် သူတို့အား မောင်းထုတ်ဖို့တောင် အင်အားမဲ့နေခဲ့သည်။ ၂ပါတ်ဆိုသည့်အချိန်အတော်အတွင်း ကျွန်တော် အစားပုံမှန်စားမိလေသလား သေချာမသိတော့ ။
YOU ARE READING
အချစ်၏ လက်ယာဘက်တွင်ရှိသော
Randomအချစ်ဆိုတာ ဘယ်ဘက် ရင်ဘက်က နှလုံးသားက မွေးဖွားလာခဲ့တယ်လို့ လူတွေ ပြောရင် ကျွန်တော် ကတော့ ခေါင်းခါငြင်းဆန်လိုက်မည် ။ ကျွန်တော့် အတွက် အချစ်ဆိုတာကို သူ့ရဲ့ လက်ယာဘက်က ဖန်ဆင်းခဲ့သောကြောင့်ပင် ။ ပတ်ချန်ယော ဒိုဂျောင်ဆူး ( သုံးပွင့်ဆိုင် လုံးဝ မဟုတ်ပါ ။ )