(Uni)
ကျွန်တော့် နဘေးတစ်ဖက်တစ်ချက်စီက မြင်နေရသော သစ်ပင်များကို ကြည့်ရင်း ကျွန်တော့် ဖိနပ်အောက်က မြေသားကို နင်းလျှောက်နေသော ကျွန်တော့်ခြေလှမ်းများက ပုံမှန်မဟုတ်ချင်တော့ ။ အနည်းငယ် ယိုင်နဲ့နေသော ကျွန်တော့် ခြေလှမ်းများက နှေးကွေးနေသလောက် ကျွန်တော့်၏ အသက်ရှုသံက တုန်ရင်နေသော ဒူးနှင့်အတူ မြန်ဆန်နေခဲ့သည်။
" မင်း အဆင်ပြေရဲ့လား "
ကျွန်တော့်အရှေ့ကနေ ကျွန်တော့်အား စောင့်ကြည့်နေသလို ခြေလှမ်းများနှင့် ချန်ယော၏ အမေးစကားကိုတောင် ကျွန်တော် ပြန်မဖြေနိုင်ခဲ့။ တော်သင့်ပြီ။ ကျွန်တော် မောပန်းနေခဲ့ပြီ။ ဘယ်လိုမှ နောက်ထပ် ခြေလှမ်း လှမ်းဖို့ မဖြစ်နိုင်တော့သည်ကို လက်ခံပြီး ကျွန်တော် အနီးရှိ ကျောက်တုံးတစ်တုံးပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ထို့အတူ သူလည်း ချက်ချင်းပင် ကျွန်တော့်အနား ရောက်လာသည်။
" အရမ်းမောနေပြီလား ။ ရလား။ "
စိုးရိမ်တကြီးနှင့် သူ့ မေးခွန်းတွေက ကျွန်တော့်ကို စိတ်တိုကာ ပေါက်ကွဲချင်ပေမယ့် ကျွန်တော့်တွင် သူ့ကို ဒေါသထွက်ဖို့တောင် အင်အားမဲ့နေလေသည်။
ဘာလို့များ ဒီကျောင်းလေ့လာရေးခရီးကို လိုက်ခဲ့မိသည့် ကျွန်တော့်ဆုံးဖြတ်ချက်ကို ကျွန်တော် အံ့ဩမဆုံးဖြစ်မိကာ။ ထိုဆုံးဖြတ်ချက်ကို ချဖို့ ဖြစ်ပေါ်စေသော သူ့ကိုသာ ကျွန်တော် အပြစ်တင်ချင်မိသည်။ သူ့ရဲ့ အထက်တန်းကျောင်းသားဘဝ ဆန္ဒလေးကို လိုက်လျောပေးလိုက်ပါ့မယ်လို့ ဆုံးဖြတ်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုလည်း ရူးခဲ့တာဟုသာ သတ်မှတ်လိုက်ချင်တော့သည်။
ကျောင်းသားတွေက တောတောင်သဘာဝကို လေ့လာသင့်သည်လို့ ဘယ်ဆရာသမားက ဆုံးဖြတ်ခဲ့ပါလိမ့် ။ ဒီလောက် ပင်ပန်းသည့် တောင်တက်ခရီးစဉ်ကို စီစဉ်ကြသည့် ကျောင်းသားကောင်စီကိုလည်း ကျွန်တော် အံ့ဩမိသည်။
ဒါပေမယ့် ကျွန်တော်ကလွဲရင် ခရီးစဉ်တွင် ပါလာသမျှ ကျောင်းသား၊ကျောင်းသူအားလုံး ပျော်ရွှင်နေကြသည် ကတော့ အမှန်ပင်။ ပင်ပန်းခြင်းနှင့် ပျော်ရွှင်ခြင်းကို တစ်ခါတည်း ပြိုင်တူ ခံစားတတ်သည့် သူ့တို့တွေက လူထူးလူဆန်းတွေပဲလား ကျွန်တော် ထင်မိသည်။ ဘယ်နဲ့ကြောင့် ပင်ပင်ပန်းပန်း ပျော်နိုင်ကြသည်လဲ ကျွန်တော် နားမလည်နိုင်ပါ။ ပင်ပန်းခြင်းဆိုတာ ကျွန်တော်အတွက် မရင်းနှီးပေမယ့် ။
YOU ARE READING
အချစ်၏ လက်ယာဘက်တွင်ရှိသော
Randomအချစ်ဆိုတာ ဘယ်ဘက် ရင်ဘက်က နှလုံးသားက မွေးဖွားလာခဲ့တယ်လို့ လူတွေ ပြောရင် ကျွန်တော် ကတော့ ခေါင်းခါငြင်းဆန်လိုက်မည် ။ ကျွန်တော့် အတွက် အချစ်ဆိုတာကို သူ့ရဲ့ လက်ယာဘက်က ဖန်ဆင်းခဲ့သောကြောင့်ပင် ။ ပတ်ချန်ယော ဒိုဂျောင်ဆူး ( သုံးပွင့်ဆိုင် လုံးဝ မဟုတ်ပါ ။ )