Chapter- 34
အနှစ်တစ်ယောက်ရေကူးကန်sceneရိုက်ရင်းပဲပိနေတာကို ဘိုးတော်က တဘက်တစ်ထည်ကိုင်ပြီးမကျေမချမ်းကြည့်နေလေရဲ့။ချစ်ရသလောက်စိတ်တိုရတယ်။အမြဲဖော်ချွတ်ချင်နေတဲ့မျောက်စုတ်တစ်ကောင်ကြောင့်...
ဘယ့်နှယ့်... ကြော်ညာရိုက်လိုက်တိုင်းboxerဆိုလည်းလက်ခံတယ်။စွပ်ကျယ်အင်္ကျီတောင်ကြော်ညာသေးတယ်။အခုလည်းကြည့်...ရေကူးကန်ဆောက်တဲ့ကုမ္ပဏီကကမ်းလှမ်းတာ ဒါကိုမရှိမဲ့ရှိမဲ့နှံပြည်စုတ်ဗလပြပြီးရိုက်ချင်သေးတယ်။ငါလုပ်လိုက်ရ...ဒီကောင်လေးကတော့နော်...ဟင်း..မနည်းစိတ်ထိန်းထားရတယ်။
ဘိုးတော်တစ်ယောက်တည်းစကားတွေပြောနေ၍အနှစ်ကြော်ညာရိုက်နေရင်းလန့်ရသေးသည်။
အလုပ်သာလုပ်နေတာစိတ်က ဘိုးတော်ဆီမှာ...
"Cut...ရပြီ။ ဆားငန်သီးလေးရေ
နောက်တစ်sceneကွာ ဘောင်းဘီလဲတော့""ဟုတ်ကဲ့ ဦးရဲ"
ဒါရိုက်တာလှမ်းအော်တော့မှ အနှစ်ခါးကိုဖက်ထားတဲ့မော်ဒယ်မကလွှတ်တော့တယ်။အမြဲစိတ်မချပါဘူးဆို မိန်းမတွေနဲ့ဟိုကိုင် သည်ကိုင်ရိုက်လည်းလက်ခံတာပဲ။
"ဘိုးတော် ဘာဖြစ်နေတာလဲ။"
"စိတ်တိုနေတာ
သွား သွားလဲချည်"တဘက်ထုတ်ပေးပြီးဒေါသတကြီးကားပေါ်အရင်တက်သွားတဲ့ဘိုးတော်နောက်လိုက်ရင်းအနှစ်လေးစဥ်းစားခန်းဝင်ရပြန်ပြီ။
"လူကဥာဏ်ရည်မမှီပါဘူးဆို ဒင်းကအုံးစားပြန်ပြီ။ ချီးဘိုးတော်"
ကားပေါ်၌ရေဘဝဲတစ်ကောင်မင်းသားအားကိုက်ခဲမှုဖြစ်ပွား၍ထိုနေ့ကရှုတင်ရပ်လိုက်ရပါကြောင်းသတင်းတစ်ခု၌တက်လာလေသည်။
ရေဘဝဲမှာဘိုးတော်မောင်မောင်ဖြစ်ကြောင်းကိုတော့စာနယ်ဇင်းများမသိကြပါလေ။
~~~~~~~~~~~~~~~~~~~~~~~
ဆူးတစ်ယောက်အပြည်ပြည်ဆိုင်ရာအသည်းကွဲနေ့လေးကျင်းပနေရှာသည်။အဖြစ်ကမနှစ်ကနဲ့မတူ။အသေအလဲစိတ်ဆိုးသွားသောပုစိမျောက်ဖင်နီတစ်ကောင်ကြောင့် အာဂဘဝလူဖြစ်ရကျိုးမနပ်၊လူပျိုကြီးငှက်ပျောတုံးဖက်ကိန်းဆိုက်နေလေပြီ။
YOU ARE READING
Being His Man OR Cupid Lady(Fujoshi)Completed💚
Teen Fictionအစ်ကို၄ယောက်ကိုလင်ပေးစားမည့် နှမငယ် အလန်းဇယားဖူဂျီမတ်မတ်ငယ်လေးတစ်ယောက်အကြောင်း ဗိုလ်ဗိုလ့်ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာမရှိစေရဘူး ဗိုလ်ဗိုလ့်ကိုကြိုက်တဲ့သူဆို သေချာပြီ အဲ့လူမကြာခင်ကွေးပြီဘဲ... S1=Ukeတစ်ယောက်၏ဖခင် ကိုအရင်ဖတ်ရှုနိုင်ပါကြောင်း To...