My dear Noona❣️ (Ep-21)

557 52 0
                                    

မနက် Yuri နိုးလာတော့ မောင့်ကိုမတွေ့တော့ဘူး
Yuri ရဲ့ဗိုက်ပေါ်မှာလည်းရေနွေးအိတ်ကပ်ထားပေးပြီးစားပွဲပေါ်မှာလည်းဆေးတစ်ကဒ်နဲ့ရေနွေးတစ်ခွက် ပြီးတော့စာတစ်စောင် ✉️

✉️ မောင် ရှင်းလင်းပွဲသွားရမှာမို့ အစောကြီးထွက်သွားမိတာကိုတောင်းပန်ပါတယ် နိုးနိုးချင်းဗိုက်အရမ်းကိုက်နေရင်စားပွဲပေါ်မှာတင်ထားတဲ့ဆေးကဒ်ထဲကဆေးတစ်လုံးကိုရေနွေးလေးနဲ့သောက်လိုက်နော် မနက်စာလည်းမောင်ပြင်ထားပေးတယ် များများစားနော် တကယ်လို့ Noona စားချင်တာရှိရင်မောင့်ကိုပြော မောင်ပို့ပေးမယ် နေကောင်းအောင်နေနော် ချစ်တယ် ✉️

မောင့်ရဲ့ချန်ခဲ့တဲ့စာကိုဖတ်ရင်း Yuri အပြုံးတွေဝေဆာလို့ ဒီလိုချစ်ဖို့ကောင်းတဲ့မောင်ကိုဘယ်လိုလုပ်စိတ်ဆိုးရက်မှာလဲ
__________

Collabration song အတွက်သတင်းစာရှင်းလင်းပွဲ 🎥

" ဒီနေ့ထွက်တဲ့ collabration song အပေါ်ထင်မြင်ချက်လေးကိုပြောပြပေးပါ "

Jimin:nae ကျွန်တော်ကတော့အရမ်းကိုကောင်းတဲ့သီချင်းတစ်ပုဒ်လိုမြင်ပါတယ်

" Haru ရဲ့ထင်မြင်ချက်ကိုလဲပြောပြပေးပါ "

Haru:Haru ကတော့အရမ်းကို sweet ဖြစ်လွန်းတဲ့ romantic song လို့မြင်ပါတယ်

Haru ပြောနေရင်းပင် Jimin ဘက်ကိုလှည့်ကြည့်လိုက်ပြီး

Haru:ချစ်သူနှစ်ဦးကြားအပြန်အလှန်ဘယ်လောက်ချစ်လဲဆိုတာကိုဒီသီချင်းလေးကပုံဖော်ပေးနေတယ်လို့လဲခံစားရပါတယ်

Jimin ကတော့သူမအဖြေကြောင့်သူမကိုပြန်ကြည့်ရင်းအကြည့်ချင်းစုံသွားသေးတယ် ဒါပေမဲ့ Jimin ဘက်ကပဲအကြည့်ပြန်လွှဲလိုက်ပြီး Haru ကတော့အခုချိန်ထိပြုံးကြည့်နေဆဲ

" နောက်ထပ်ကော နှစ်ယောက်ပေါင်းပြီး collabration song ထွက်ဖို့ရှိသေးလားရှင့် "

Jimin:မသေချာသေးပါဘူး

Jimin ရဲ့အဖြေကြောင့် Haru တစ်ယောက်သဘောကျပုံ
မရ ဒါပေမဲ့ အပြုံးမပျက်ပဲ

Haru:မျှော်လင့်ပါတယ်

" activity ပိုင်းတွေမှာကောအတူတူတွဲမြင်ရဦးမှာလား "

My dear Noona ❣️Where stories live. Discover now