My dear Noona❣️ (Ep-17)

551 54 0
                                    

ဆေးရုံထဲမှာ Yuri ညဘက် round လှည့်နေတုန်း လူနာအခန်းတစ်ခန်းထဲကသီချင်းသံတွေကြားတော့အနားကပ်ကာ အသာလေးတံခါးဖွင့်ကြည့်မိတယ်

Yuri:Yunar လေး ဘာတွေလုပ်နေတာလဲ

( Yuri ရဲ့ အသိလူနာ ကလေးမလေး )

" ရှူးးး အထဲဝင်လာခဲ့ မမ "

Yuri လည်းအထဲဝင်ကာသူမဘေးနားနေရင်းသူကြည့်နေတဲ့ laptop ကိုငုံ့ကြည့်မိတယ်

Yuri:B7 ရဲ့ အသစ်ထွက်ထားတဲ့သီချင်းမလား
ဘာလို့ ညဘက်ကြီးထကြည့်နေတာလဲ ညီမလေးရဲ့

" မဟုတ်ဘူး မမရဲ့ viewer တက်အောင် mv stream ပေးနေတာ "

Yuri:အော် အဲ့လိုကို

" မမကော အဲ့ဒီအဖွဲ့ထဲကဘယ်သူ့ကိုကြိုက်လဲ "

Yuri:အမ်..... ညီမလေးကကော

" Jimin oppa
oppa ကအရမ်းချောတယ် ဆွဲဆောင်မှုလည်းရှိတယ် ဟင့် oppa ရဲ့ကောင်မလေးဖြစ်မယ့်သူကအရမ်းကံကောင်းတာပဲ "

ကလေးမလေးရဲ့အပြောကြောင့် Yuri ရဲ့နှုတ်ခမ်းပါးကအပြုံးယောင်လေးသမ်းလာပြီး

Yuri:imm ဟုတ်တယ် အရမ်းကံကောင်းတာပဲ

Flashback (နောက်ကြောင်းပြန်)

လွန်ခဲ့တဲ့ 3 နှစ်ကျော် 4 နှစ်ခန့်က

မောင် ထွက်သွားကတည်းကအရင်အတိုင်းတစ်ယောက်တည်းပဲ မောင်နဲ့ကလည်းအဆက်အသွယ်ဆိုရုံလောက်ပဲရှိခဲ့တာ စကားကောင်းကောင်းပြောရတဲ့နေ့ ဆိုတာ ခပ်ရှားရှားရယ် သူလဲ သူ့ debut ကိစ္စနဲ့အလုပ်ရှုပ်နေသလို Yuri လည်းဆေးရုံတစ်ဖက်အိမ်တစ်ဖက်နဲ့အားတယ်လို့ကိုမရှိပါဘူး

ဒီနေ့က Yuri ရဲ့ 26 နှစ်မြောက်မွေးနေ့ မောင် သတိရပါ့မလား အခုချိန်ထိတော့ မောင့် ဆီကစာတစ်စောင်မှတောင် မရောက်လာသေးဘူး

( အဆင်မပြေလို့ Yuri ရဲ့အသက်ကိုပြန်ပြင်ထားတာပါ
အရင်ကအသက်ကို 24 နှစ်လို့ပြင်ထားပါတယ် )

ဒီနေ့ဆေးရုံမှာလည်း ညဆိုင်းကိုတခြားတစ်ရောက်ဆီလွှဲပေးခဲ့ပြီး အိမ်ကိုညနက်လောက်မှပြန်ဖြစ်တယ်

အိမ်ပြန်ရောက်တော့ အိမ်တံခါးဖွင့်ကာ အိမ်ရှေ့မီးဖွင့်ဖွင့်ချင်း

My dear Noona ❣️Onde histórias criam vida. Descubra agora