အပိုင်း ၇
292 35 2
[Zawgyi]
ပိုင်ဇေသည် အလွန်ပင်ပန်းနေ၍ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ခွေခွေလေး အိပ်ပျော်သွားလေသည်။
ချမ်းမြေ့သည်  ဖြည်းဖြည်းချင်းလျှောက်လာပြီး ပိုင်ဇေအနားတွင်ထိုင်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်....
"ပိုင် တစ်ကယ်ပဲမင်းလား ငါ့ကိုတစ်ကယ်ပဲမမှတ်မိတာလား  တစ်ကယ်ပဲ......
မင်းဆိုတာကို ငါအတည်ပြုစရာရှိသေးတယ် အဲ့ဒါပြီးရင် အရင်ကအတိုင်း ငါတို့အတူတူ ပျော်ပျော်ရွှင်ရွှင်ပြန်နေကြမယ်လေနော်.....
ငါအရင်လိုလဲမဆိုးတော့ပါဘူး မင်းအပေါ်ကောင်းကောင်းဆက်ဆံပါ့မယ် နော်....ငါ့ကိုပြန်သတိရပေးပါ"
ထိုသို့ပြောအပြီး ချမ်းမြေ့၏မျက်နှာထက်တွင် မျက်ရည်များစီးကျလျှက် သူ၏ဖုန်းထဲ၌ နှစ်ယောက်အတူတူ ရိုက်ထားသည့်ပုံများအားပြန်ကြည့်နေလေသည်။
ခဏ အကြာတွင် ချမ်းမြေ့သည် ပိုင်ဇေအား ပွေ့ချီလိုက်ပြီး သူ၏ဘေးကအခန်းထဲသို့ ခေါ်သွားကာ မွေ့ယာပေါ်၌ သက်တောင့်သက်သာ အိပ်စေ၏
__________________________________________________________________
နောက်တစ်နေ့မနက်...
"Morning ပိုင် နိုးလာပြီလား ....ဒီမှာမနက်စာလာစားလေ.."
"အင်း ...."
ပိုင်ဇေ အိပ်ယာမှထလာသော ပုံစံသည် အလွန်ပင်ချစ်စရာကောင်းလေ၏ သူ၏ ဆံပင်ပျော့ပျော့ကလေးများကလည်း ခပ်အုပ်အုပ် ပုံစံလေးဖြစ်နေသည်။
"ကျွန်တော် မနေ့က အိပ်...."
ဒေါက် ..ဒေါက်..ဒေါက်..
"ဟင် ..ဒီအချိန်ကြီး ဘယ်သူလာတာလဲ "
"ရတယ် ကိုယ်သွားဖွင့်လိုက်မယ် "
ချမ်းမြေ့ တံခါးဖွင့်လိုက်ရာ...
"ဟင်.....ခတ်ဆစ် အစောကြီးပဲရှိသေးတာကို မင်းဘယ်လိုလုပ်ရောက်လာတာလဲ"
"မင်းမေးချင်နောက်မှမေး အခုတော့ငါ့ကို အိမ်ထဲအရင်ပေးဝင်ပါအုန်းကွာ"
"အေးပါကွာ ဟားဟား.."
"ဟင် ပိုင် မင်းလဲရောက်နေပြီလား "
ပိုင်ဇေသည် လုံးဝပြန်မပြော ထုံးစံအတိုင်း သူ၏မနက်စာကို အားရပါးရစားနေလေ၏