6💛Zawgyi

30 1 0
                                    

ကျောင်းပိတ်ရက်တွေမှာ ကျူရှင်က မနက်ပိုင်းကို ပြောင်းခေါ်လေ့ရှိသည်။ ဒီလိုနေ့တွေကတော့ အဲအတွက် သုခဘုံပင်။ကျောင်းဖွင့်ရက်တွေမဆော့ရသမျှ အတိုးချဆော့လို့ရသည်လေ။ ဝသုန်ကျူရှင်ဆင်းသည်နှင့် အိမ်သို့မပြန်ပဲ တေဇာတို့ဘက်ကို တစ်ခါတည်း လိုက်လာခဲ့သည်။

"အဲအဲ ငါတို့ ဆော့ရအောင်  ဘာဆော့ရင်ကောင်းမလဲ "

တေဇာ၊မျိုးမြတ်ရယ်က ပြေးတိုင်းဆော့နေရင်အဲ့တစ်ယောက်ထဲ နေခဲ့ရသဖြင့် နောက်ပိုင်း ပြေးတိုင်းမဆော့တော့ပဲ အေးဆေးထိုင်ဆော့ရတဲ့ကစားနည်းကိုသာ ရွေးဆော့ကြတော့သည်။ အခုလည်း ဘာဆောာရမယ်ဆိုတာမသိသေးသော်လည်း ဝသုန်က အဲအိမ်ရှေ့ကဖျာကိုဆွဲချလာသည်။ နောက်ကအဲကတော့ မုန့်တွေမနိုင်မနင်းသယ်လာသည်။

"မင်းတို့နှစ်ကောင်က အဲ့ကပဲကြည့်နေတော့မှာလား လာသယ်ဖို့အစီစဉ်မရှိဘူးလား "

"မရှိဘူး သယ်လာခဲ့ကြ "

"အဲ့တာဆို မင်းတို့၂ကောင်လာမထိုင်နဲ့  ဖိနပ်ခုပြီးထိုင်ကြ"

"ထိုင်တာကအေးဆေး မြေကြီးပေါ်ထိုင်လည်းရတယ် အဲလက်ထဲကမုန့်ပဲ အရေးကြီးတာ ဟုတ်တယ်မလား တေဇာ "

"ဒါပေါ့ကွ မျိုးမြတ်စိတ်မပူနဲ့ အဲလက်ထဲက မုန့်တွေက ငါတို့စားရမှာအဲကဒီကောင်လို စိတ်ပုတ်မှမဟုတ်တာ အဲကျွေးမှာမလား "

"ကျွေးမှာပေါ့ "

ဖျာပေါ်ထိုင်ပြီး အတော်ကြာတဲ့အထိ ဘာကစားရမလဲ စဉ်းစားမရသေးပေမယ့် မုန့်ကတော့ အကုန်နီးပါးပြောင်နေလေပြီ။နောက်ဆုံးတေဇာသည် ဝသုန်ကို ကြပ်နိုင်မယ့်ကစားနည်းကို စဉ်းစားလို့ရသွားသည်။

~~~~~Ture or Dare~~

"ငါကရေဗူးကိုလှည့်မယ် အဖုံးဘက်ကျတဲ့သူက မေးရမှာနော် အိုကေ"

ပထမဆုံး မေးရမယ့်သူက မျိုးမြတ်ဖြစ်ပြီး အမေးခံရမယ့်သူက ဝသုန်ကြတယ်။တေဇာကမျက်ခုံးကိုပင့်ပြီး မျိုးမြတ်ကိုပြုံးပြသည်။မျိုးမြတ်ကတော့ သိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းကိုငြိမ့်ပြသည်။ သနားစရာဝသုန်လေးကတော့ မျက်နှာငယ်လေးနဲ့ပေါ့။

Falling in love again💞Where stories live. Discover now