22 💛 zawgyi

19 0 0
                                    

"ကိုကို ဆက်သွင်ကိုတကယ်သတိမရဘူးလားဟင်"

လိမ္မော်ခြံထဲရှိအရိပ်ကြီးကြီးအပင်များအောက်တွင်သစ်သားထိုင်ခုံများ ချထားသည်။ဧည့်သည်များချိန်ဆို ဒီနေရာကခုံများစွာပင်မလောက်ငချေ။ဆက်သွင်တို့သားမိလည်း မင်းနောင်အလုပ်နေရာသို့လိုက်လာခဲ့ခြင်းဖြစ်သည်။

"ဟို ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော် တကယ်မမှတ်မိတာ"

မင်းနောင်ကအားတုံ့အားနာမျက်နှာနှင့်တောင်းပန်လေသည်။သမီးငယ်သည်မင်းနောင်ရင်ခွင်ထဲမှထကာ လိမ္မော်ခင်းတွေဘက်ကိုပြေးသည်။မင်းနောင်လည်းထကာ သမီးနောက်သို့ပြေးလိုက်သွားလေသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ဆက်သွင်မျက်ရည်ဝဲလာသည်။

အိတ်ထဲက ဖုန်းကအသံမြည်လာသည်။ဆိုင်ကဝန်ထမ်းဆက်တာဖြစ်သဖြင့် အလျှင်အမြန်ပင်ကောက်ကိုင်လိုက်သည်။

"အမ ဆိုင်ကဒီနေ့ မီးလန့်သွားတယ်အမ ထိခိုက်မှူမများပေးမယ့်အစစ်အဆေးတော့ ခံရမယ်အမ အခုတာဝန်ရှိသူတွေက သူဌေးကိုမေးနေတယ် တစ်ယောက်တော့လာရမယ်ထင်တယ်အမ အမမအားရင် အကိုလေးကိုဖုန်းဆက်လိုက်ရမလားအမ "

"ရတယ် ငယ်လေး အမပြန်လာခဲ့မယ် မနက်ဖြန်ရောက်မယ်ငယ်လေး"

လိမ္မော်ပင်တွေရဲ့အနံ့အသက် အေးချမ်းမှုနှင့် တောင်ကြီးရာသီဥတုက
စိတ်ကိုငြိမ်းချမ်းစေသည်။နောင်ရဲ့ အချစ်ရေးကြောင့်လည်း စိတ်ချမ်းသာရသည်။ အရင်ကတည်းက ကူညီမခိုင်းပေမယ့် မနေတက်တဲ့နောင်က သူ့ကိုမျက်နှာမငယ်စေရ။အတန်းတူတူတက်ခဲ့ရင်းကစလာတဲ့ခင်မင်မှုတွေက မောင်နှမအရင်းသဖွယ်။သူတို့တကယ် ချစ်ခဲ့ကြတာ။
အတွေးနဲ့လမ်းလျောက်လာရင်း သမီးတို့ကိုတွေ့ရသည်။
သတိပြန်ရလာပါတော့ ကိုကိုရယ် နောင်တို့ချစ်ခြင်းကို လွတ်လပ်စေချင်တယ်

ကျွန်မ မန်းလေးပြန်ရမှာမလို့ သမီးကိုပြန်ခေါ်သွားမလို့ လာသမီး မာမီတို့ မန်းလေးပြန်ရမယ်

"ဟင့်အင်းပြန်ဝူးး ဒီမှာပဲနေမှာ မာမီနဲ့ပြန်လိုက်ချင်ဘူး"

"နွေးသရဖီသွင် လူဆိုတာ ကိုယ့်အိမ်ကိုပြန်ရမှာပဲ ဒီသမီးအိမ်မဟုတ်ဘူး သမီးကဒီမှာခဏလာနေတာ လာသွားမယ် မနက်ဖြန်ပြန်ရမှာ"

Falling in love again💞Where stories live. Discover now