Calico // ZG

699 77 5
                                    

"ယွန်းဂီ "

နေဝင်ခါနီးအချိန်မို့ နီဆွေးဆွေး ကောင်းကင်ယံကို
လွတ်လွတ်လပ်လပ်ငေးကြည့်တိုင်း
ထွက်ပေါ်လာတတ်တဲ့ အသံသေးသေးလေး

လှည့်ကြည့်စရာမလိုအောင်ပင် အသံချိုချိုလေးက
ထို အဝါရောင်ကောင်ငယ်လေးတစ်ယောက်ဖြစ်ကြောင်း
သိသာနေပြန်တယ်

တဖြည်းဖြည်းနီးကပ်လာတဲ့ စတော်ဘယ်ရီ နံ့ ခပ်သင်းသင်းလေး
ဒီနေ့လည်း သူရောက်လာပြန်ပြီ

ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းကတော့
တစ်စုံတစ်ယောက်ကြောင့် နွေးထွေးသွားရပေမယ့်
ဘယ်ဘက်အခြမ်းကတော့ တစ်ရှိန်ထိုး တိုက်ခတ်လာတဲ့
လေစိမ်းတွေကြောင့် အေးစိမ့်နေရပြန်တယ်

"ဟီး.. ဟီး
ယွန်းဂီ ဒီနေ့လည်း ကြယ်လေးတွေကို
လာကြည့်တာပဲလား "

"အင်း "

ဒီကောင်လေးနှစ်ယောက်က ဒီဇာတ်လမ်းမှာတော့
ဘယ်သူဖြစ်တယ်ဆိုတာက အရေးမပါတော့ပေ

ပြည်သူပိုင်ပန်းခြံကျယ်လေးထဲ ကြယ်လာကြည့်သူ ကောင်လေးတစ်ယောက် ရယ်
နောက်တစ်ယောက်ကတော့ ထိုကောင်လေးကို
အပြုံးချိုချိုလေးတွေနဲ့ အဖော်ပြုပေးမယ့် သူလို့ပဲ
သတ်မှတ်ထားကြည့်ရအောင်

"ဂျီမင်....
မင်းသာ ငှက်လေးတွေဆိုရင်
အဝေးဆုံးကို လွတ်လွတ်လပ်လပ်နဲ့
ပျံသန်းမယ်လို့ တွေးဖူးလား "

တိတိရိရိ ညှိထားတဲ့ မြက်ခင်းစိမ်းလေးတွေပေါ် လှဲချရင်း
မေးခွန်းတို့ကို မေးလာသည်

ထိုအခါ ကောင်ငယ်လေးက တခိခိရီနေပြန်သည်
မြက်ခင်းပေါ်လှဲချထားတာကြောင့် ရယ်
သူ့ကို နောက်ခိုင်းပေးထိုင်နေတဲ့ ကောင်ငယ်လေးကြောင့်
မမြင်ရလည်း အလှဆုံးပြုံးရီနေမှာ သေချာသည်

"ခ်....ခ်...
ယွန်းဂီက ကလေးလေးလိုပဲ "

အသက် 27 နှစ်ရောက်တော့မှ မိမိထက် ခုနှစ် နှစ် လောက် ငယ်တဲ့ ကောင်ငယ်လေးဆီမှ ကလေးဆန်တယ်လို့
အပြောခံလိုက်တာက ယွန်းဂီအတွက် စိတ်ကသိကအောက်ဖြစ်စေပြန်သည်

🇨 🇦 🇱 🇮 🇨 🇴 ➹Where stories live. Discover now