17

6.8K 1.1K 62
                                    

Unicode;

"Ji.. Jimin"

"Park Jimin ဒီကိုလာ ငါ ရှင်းပြမယ်"

Jimin လက်ကိုဆွဲကာ Jungkook ရုံးခန်းထဲ ပြန်ဝင်လာခဲ့ရ၏။ ကျန်ခဲ့သည့် Hoseok မှာလည်း မနေနိုင်၊ မထိုင်နိုင် နောက်က ပြေးလိုက်လာသည်။

"Jimin အဲ့ဒါက အဲ့လို မဟုတ်ဘူး"

Hoseok က အရင် စကားစချီလိုက်သည်။ ဘာဆက်ပြောမလဲ စောင့်နေတဲ့ Jimin ပုံစံကြောင့် Jungkook သက်ပြင်းချလိုက်မိသည်။ သိသွားမှတော့ ဘာထူးမလဲ။ Jimin လက်ကို ဆုပ်ကိုင်လိုက် တော့ Jimin အကြည့်တွေက Hoseok ထံမှ Jungkook ထံ ကူးပြောင်းလာသည်။

"Park Jimin"

"ဟုတ်ကဲ့ လူကြီးမင်း"

"Hoseok Hyung က Kim Taehyung ကို ကြိုက်နေတာကြာပြီ မင်းရောက်မလာခင် ကတည်းက"

"Jeon Jungkook အဲ့လိုကြီး သွားပြောလို့ ဘယ်ဖြစ်မလဲ"

Hoseok မျက်နှာ သိသိသာသာ ရဲတက်လာသည်။ ထို့နောက် Jimin ကို အသနားခံသလို ကြည့်ရင်း

"Taehyung ကို ပြန်မပြောပါနဲ့နော်၊ Hyung က ဒီတိုင်း ဘယ်လိုပြောရမလဲ သူပြန်ချစ်တာ ကိုလည်း မလိုချင်ဘူး သိတာကိုလည်း မလိုချင်လို့ Taehyung ကိုလုံးဝ ပြန်ပြောလို့ မဖြစ်ဘူး"

"ဟုတ်ကဲ့ Hyung"

ပြုံးပြီး ဖြေလိုက်ပေမယ့် Jimin ရဲ့ အတွင်းစိတ်ကို Jimin က လွဲရင် ဘယ်သူက ပိုသိနိုင်မှာလဲ။ Jungkook ဘေးကနေကြည့်ရင်း ဘာကို ဒေါသထွက်ပြီး ဘာကို စိတ်မကောင်း ဖြစ်မှန်း မသိတော့။ ဆုပ်ကိုင်ထားသည့် Jimin လက်ကိုသာ ပိုမိုတင်းကြပ်စွာ ကိုင်လိုက်မိသည်။

'မနက်ဖြန်အတွက် ရာသီဥတု ခန့်မှန်းချက်ကတော့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပါတယ်ရှင်'

"ဒီခေတ်က ကောင်းလိုက်တာ.. မိုးရွာမလား နေပူမလားတောင် ကြိုသိနေရတယ်"

တိတ်ဆိတ်နေတဲ့ ကားလေးထဲ ခပ်တိုးတိုးလေး ဖွင့်ထားသည့် Radio အသံအပြီးမှာ Jimin အသံတိုးတိုးလေး ဖြင့်ပြောလိုက်သည်။ Jungkook ကတော့ Jimin ကို ကြည့်ရင်း သက်ပြင်းလေး ခိုးချလိုက်မိသည်။ နေ့လည်က Hoseok Hyung ပြောတာ ကြားပြီး Jimin နည်းနည်းတော့ ခံစားသွားရမည်ဆိုတာ ယုံကြည်သည်။ ကားမောင်းနေရင်း Jimin လက်ကို လှမ်းကိုင်လိုက်တော့ Jimin က အူကြောင်ကြောင်လေး လှမ်းကြည့်လာသည်။

Fortunes of Sleeping BeautyWhere stories live. Discover now