13

7.2K 1.1K 119
                                    

Unicode,


"ဟိုနေ့က ကိစ္စ တောင်းပန်ပါတယ်"

မျက်မှန်လေး တမမနဲ့ ပြောလိုက်တဲ့ Taehyung စကားကြောင့် Jimin ပြုံးမိသွားသည်။ မမှားပဲ တောင်းပန်တတ်တဲ့ အကျင့်ကို ရင်းနှီးနေသလို ..။ နှိုင်းတာရယ်တော့ မဟုတ်ပေမယ့် Jeon လူကြီးမင်းနဲ့တော့ ကွာပါ့.. မှားနေရင်တောင် အတင်းငြင်းတာမျိုး...။

"ငါ မင်းနဲ့ ခင်ရတာ သဘောကျပါတယ်.. ငါ့ရဲ့ ပထမဆုံး အလုပ်ခွင် သူငယ်ချင်းမို့ တကယ် သဘောကျတယ်.. ဒါပေမယ့်.. ချစ်သူလိုကျ"

Taehyung ဆက်မပြောပဲ ရပ်သွားလေသည်။ သုံးစက္ကန့်လောက် ကြာမှ အသက်ကို ပြင်းပြင်း ရူထုတ်လိုက်ပြီး  ခေါင်းလေးကုပ်ကာ

"ဟိုနေ့က Jeon ဆရာ ပြောတာ အမှန်မဟုတ်တာ မသိရလောက်အောင် ငါ မအပါဘူး ဒါပေမယ့် မင်းကို လက်မခံနိုင်တာက ငါ သဘောကျနေတဲ့သူ သပ်သပ်ရှိလို့ပါ တောင်းပန်ပါတယ် Jimin"

Taehyung စကားကြောင့် Jimin ရင်ထဲ ဝမ်းနည်သလို ခံစားလိုက်ရသည်။ တကယ်လို့သာ Taehyung က အရှင် ဖြစ်ခဲ့မယ်ဆိုရင်..။ အရှင်က ဒီဘက်ခေတ်မှာ ကျွန်တော့်ကို မချစ်တော့ဘူးလား..။ ဒါမှမဟုတ် Taehyung က အရှင် မဟုတ်တာလား..။

"တောင်းပန်စရာမှ မဟုတ်တာ Taehyung ကလည်း"

Jimin ဆီက တုန့်ပြန်သံ ကြားမှ Taehyung ပြုံးနိုင်တော့သည်။

"ငါ့ကို နားလည်ပေးလို့ ကျေးဇူးပါကွာ.. ငါ သူငယ်ချင်း ကို မဆုံးရှုံးချင်ဘူး ဖြစ်နေတာ"

"မဆုံးရှုံးရပါဘူး"

Reception အနောက် မလှမ်းမကန်းရှိ ပန်းအိုးကြီးနောက်မှ Jungkook ချောင်းနားထောင်ရင်း မျက်နှာမဲ့လိုက်မိသည်။ ဘာတဲ့.. မဆုံးရှုံးရပါဘူးတဲ့.. အဟက် ရယ်ရတယ်..။ Taehyung က Jimin လက်ကို ကိုင်လိုက်တာကြောင့် Jungkook မျက်လုံးများ ကျယ်လာသည်။ အို့မိုင်.. ပြောတော့ သဘောကျတဲ့သူ ရှိတယ်ဆို.. ဒါ ဘာလုပ်တာလဲ..။ ဒီကောင်က နှာဗူးလား..။ လှေနံ နှစ်ဖက်နင်းနေတာလား..။

"ငါတို့ အမြဲတမ်း သူငယ်ချင်း လုပ်ကြမယ်နော်"

Taehyung စကားကို Jimin ခေါင်းညိတ်ပြလိုက်တာကြောင့် Jungkook ဒေါသထွက်မိသည်။ မဟုတ်သေးပါဘူး.. ဒါက ပြန်မချစ်နိုင်ပဲ အနားမှာ ဆွဲထားတဲ့ သဘော မဟုတ်ဘူးလား..။ ဒါကို ဟိုပြသနာအိုးလေးကလည်း လက်ခံစရာလား တစ်ခါထဲ ဆွဲထိုးလိုက်ရမှာ..။

Fortunes of Sleeping BeautyOù les histoires vivent. Découvrez maintenant