𝐓𝐡𝐞 𝐒𝐮𝐧 𝐚𝐧𝐝 𝐭𝐡𝐞 𝐌𝐨𝐨𝐧:𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐜𝐨𝐥𝐥𝐢𝐝𝐞...
Ep (3) Unicode Versionဒီနေ့တော့ အသွားတွင်ကားလမ်းမပိတ်သဖြင့် ခါတိုင်းနေ့တွေထက် ကျောင်းရောက်တာ စောနေပြီး အခန်းထဲဝင်ထိုင်ကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည်။ အတန်းထဲတွင် လူ (၄) (၅)ယောက်သာ ရှိနေပြီး သူတို့ဘာသာသူတို့ ဖုန်းတစ်လုံးစီကိုင်ကာ ဘာသိဖာသာ လုပ်နေကြသည်။ ရဲမာန်တို့က လှည်းတန်းဘက်မှာ အဆောင်နေကျသူများဖြစ်သဖြင့် bell မတီးမီ ၉နာရီအတိလောက်မှ ရောက်လာတတ်ကြသူများဖြစ်ကြသည်။
ဘယ်လောက်ပဲ စောစောလာခဲ့ပါဟု ပြောပါစေ ဒီဘက်နားမှ ဝင်ပြီး ဟိုဘက်နားမှ ပြန်ထွက်သွားကြသူများသာဖြစ်သည်။
ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သတ်ပြီး အဖတ်လုပ်ကာ ဆက်ပြောမနေတော့။"ဟျောင့် ရောက်နေတာကြာပြီလား"
ခဏအကြာမှာတော့ စွမ်းထက်တစ်ယောက် ရောက်လာပြီး အနောက်ခုံတွင်ဝင်ထိုင်ကာ ကျွန်တော့်အား လှမ်းမေးသည်။
"အေး ဒီနေ့ကျောင်းကားနည်းနည်းစောလို့"
"မနေ့က တီချယ်ပေးလိုက်တဲ့ assignmentတွေပြီးသွားပြီလား"
"အေး ပြီးပြီလေ ဘာလုပ်ဖို့လဲ"
"ပြီးရင်ခဏပေးစမ်းပါကွာ ငါညကဂိမ်းဆော့တာ ဉည့်နက်သွားလို့ တစ်ခုမှ မလုပ်ရသေးဘူး"
စိတ်ပျက်လက်ပျက်လေသံဖြင့် ကျွန်တော့်အားကြည့်ကာ လက်ဖြန့်တောင်းနေသော သကောင့်သားက ဖြတ်ရိုက်ချင်စရာ ကောင်းလှသည်။
"အဲ့ဂိမ်းတွေဘာများကောင်းလို့ ဆော့နေတာလဲကွာ
ကောင်းကျိုးလည်းတစ်စက်မှမရှိ မျက်စိလည်းပျက်သေးတယ်""ပေးမှာသာပေးစမ်းပါကွာ ငါ့အမေလိုပဲ ပွစိပွစိနဲ့"
"ဘာရယ်!"
ပြောမရသည့်အဆုံးတွင် ကျွန်တော့်လက်ထဲမှ စာအုပ်အား ဘာမပြောညာမပြောဖြင့် လုယူသွားလေသည်။
ထို့နောက် တကုပ်ကုပ်ဖြင့် အိမ်စာများထိုင်ရေးနေတော့သည်။
ခဏအကြာတွင်မူ ရဲမာန်တို့နှင့်အတူ အခြားသော ကျောင်းသား ကျောင်းသူများလည်း အသီးသီးရောက်ရှိလာသည်။
YOU ARE READING
𝐓𝐡𝐞 𝐒𝐮𝐧 𝐚𝐧𝐝 𝐭𝐡𝐞 𝐌𝐨𝐨𝐧: 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐜𝐨𝐥𝐥𝐢𝐝𝐞 (U+Z)