ချစ်သော gangstar-24

211 21 5
                                    


ကျွန်တော့အတွက်တော့ အချစ်ဆိုတာ
ရယူခြင်းလဲ မဟုတ်သလို
ပေးဆပ်ခြင်းလဲမမည် ခဲ့
သူအနားမယ် ရှိသည်ဖြစ်စေ
မရှိသည် ဖြစ်စေ
သူ့အကြောင်းတွေးလိုက်ယုံနဲ့တင်
နေ့တစ်နေ့တာကိုစတင်ဖို့ အင်အားအပြည့်ဖြစ်နေတာမျိုး
တကယ်တော့ အချစ်ဟာ အားဆေးတစ်ခွက် (အဲ့လဲ့အားဆေးဆိုပဲ)

mew ဆေးရုံ အသစ်မယ် နေ့နေ့ ညည အလုပ်ရှုပ်လို့နေသည်
နှစ်ယောက်သား တွဲတဲ့နေရာမယ်တော့
ကျွန်တော် ကတစ်ခါတစ်လေ စိတ်ကောက်တာက လွဲရင်
စကားတွေ တီတီတာတာ ပြောတာမျိုး
ထွေထွေထူးထူး မရှိခဲ့
မောင်က ပိုနေနိုင်တာဆို မှန်မည်
ဂိမ်းများဆော့နေရရင် ဖုန်းဆက်ဖို့တောင်မေ့တဲ့ ထိ
ဒါပေမဲ့ သူလုပ်ချင်တာ လုပ်နေတာမျိုးကိုက
ကျွန်တော့ အတွက် ချစ်ဖို့ကောင်းနေတော့လဲ

မောင် မင်းတကယ်နေနိုင်တာပဲ
ဆေးရုံကိုဘာလာလုပ်တာလဲ ဂိမ်းပဲဆော့နေမယ်ဆို
အိမ်မယ်ပဲ သက်တောင့်သက်သာ ဆော့ပါတော့လား

​ဆေးရုံကို လာတာ အတူရှိချင်လို့ပေါ့ ကိုကို ရာ

စကားပြောနေရင် ဖုန်းလေး ချပါအုံး လား

ချပြီ ကဲ ရပြီလား

ဂိမ်း က အဲ့တိုင်း ရပ်လိုက်လို့ ရလား

မရဘူး ရံှုးသွားမှာပေါ့

ဒါဆို ဘာလို့ရပ်လိုက်တာလဲ

gulf တစ်ချက်ပြုံးကာ

gameက ကိုကိုလို စိတ်မဆိုးတတ်ဘူးလေ
ချော့စရာလဲ မလိုဘူး း ဆော့ချင်တဲ့အချိန်ပြန်ဝင်လိုက်
အမြဲ welcome ဆိုတာချည်းပဲ

mew မျက်နာကို သိသိ သာသာ မဲ့တော့

ကြည့် လုပ်ပြိ် မောင်ပြောမယ်သေချာနားထောင်

အွန်း

ဆေးရုံကို လာတယ်ဆိုတာက
အိမ်မယ် က ကိုကိုမှ မရှိဘဲ
မောင်က မောင်လုပ်ချင်တာတွေ အားလုံး ကို လုပ်မယ်
နေချင်သလို နေမယ် ကိုကို လာကန့်ကွက်လို့မရသလို
တားလဲ ရမှာ မဟုတ်ဘူး
ဒါပေမဲ့ အဲ့ဒါတွေအားလုံးကို ကိုကို ဘေးမှာပဲ လုပ်နိုင်မှာ
​မောင် ကိုကို ကို လိုအပ်တယ်

ကျွန်တော်ချစ်သော Gangstar လေ း Onde histórias criam vida. Descubra agora