17

357 50 8
                                    

Unicode 🌴

ဒီနေ့နဲ့ဆို အိမ်မှာဦးမရှိတာ ၂ရက်မြောက်ရှိနေပြီဖြစ်သည်။
ထို၂ရက်လုံး နေသာကဘကြီးတိုးအနားမှာပဲ တကပ်ကပ်နဲ့
ဘကြီးတိုးဘယ်သွားသွား သူက အမြဲလိုက်မြဲပင်။

"ဘကြီးတိုး"

"အေး.. ဘာလဲ"

"ဘကြီးတိုးဒီမှာ အလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ"

ဘကြီးတိုးကခနစဥ်းစားဟန်ပြုပြီးမှ။

"ငါ အသက်၁၈နှစ်ကတည်းက အဲ့တုန်းကဆို ဧဒင်က
မွေးခါစ ကလေးပဲ ရှိသေးတာ"

"ဒါဆိုရင် ဦးအကြောင်းကို ဘကြီးတိုးသိသလောက်ပြောပြ"

ဘကြီးတိုးကပန်းပေါင်းစုံများကိုရေလောင်းနေရင်းမှ
ကျွန်တော်ကိုတစ်ချက်စောင်းငဲ့ကြည့်ပါသည်။

"သူ့အကြောင်းကို သူ့ကိုပဲသွားမမေးပဲ ဘာဖြစ်လို့ငါ့ကို
လာမေးရတာလဲ"

"မမေးရဲလို့လေ နောက်ပြီး သားကဦးအနားမှာရှိနေရရင်
အဲ့ဒါကိုမေးဖို့အတွက် သတိရဖို့မပြောနဲ့ ထမင်းဟင်းတောင်
မေ့နေတတ်တာဗျ"

"ဟက်ဟက်.. သူငယ်ငယ်တုန်းက သနားစရာလေး
သူ့မိဘတွေက သူ့ကိုမွေးပြီးတော့ ဒီအိမ်မှာပဲ
ထားပစ်ခဲ့တာလေ အရင်သူဌေးကြီး ဒေစီအဖေက
ဧဒင်အရွယ်ရောက်လာတော့ သြစတေးလျမှာရှိတဲ့
သူ့သမီးကိုခေါ်ပြီး ပေးစားလိုက်တာ"

"အော်.. ရနံ့ပြောတာကြားဖူးတယ် အချစ်မပါဘူးဆို
ဟုတ်လားဟင်"

"အင်း.. ဘကြီးတိုးသိသလောက် ဧဒင်မိဘတွေက သူ့သားကို
အကြွေးနဲ့ချပေးခဲ့တာတဲ့"

"ဗျာ....ဒါဆို လာမခေါ်ကြတော့ဘူးပေါ့"

"အဲ့ဒါတွေထားတော့ အခုသူတို့မိသားစုက ဘယ်မှာ
သွားနေကြလည်း မသိဘူး အဲ့ကတည်းက ပျောက်ကွယ်သွားတာ အကြွေးနဲ့ချပေးထားတဲ့ သူတို့သားကို
လာမခေါ်ကြတော့ဘူး"

"အော်.. အဲ့လိုလား"

"ဒါနဲ့ နေသာမင်းသူနဲ့ ဘာဖြစ်ပြီးပြီလဲ"

"ဘကြီးတိုးကဘာကို မေးချင်တာလဲ"

"ကျစ်.. ယောက်ျားချင်း ရှက်မနေစမ်းပါနဲ့ ဟိုဟာလေ
လုပ်ပြီးကြပြီလားလို့"

အာလာဒင္(အာလာဒင်)Where stories live. Discover now