Chapter 6 . 1 [ Unicode ]

439 57 0
                                    

အမှန်အတိုင်းပြောရရင် အခုအခြေအနေက မီးထတောက်လုနီးပါးပဲ ။ သူတို့ရဲ့အကြည့်တွေက ဓားသွားပမာစူးရှနေပြီးတော့ ပတ်ဝန်းကျင်ကိုအရမ်းလေးနက်သွားစေတယ် ။

Huo Ran က Kou Chen ဆီက ဘာစကားမှမကြားရသေးတဲ့အထိ အရာအားလုံးအဆင်ပြေသွားမယ်လို့တွေးခဲ့တာဖြစ်သည် ။ ဒါပေမဲ့ Kou Chen မှာ သူ့ရဲ့ မကျေမနပ်ဖြစ်မှု့များကို အတင်းဖိနှိပ်ထားရပုံပေါ်ပြီး သူတို့ဒီနေရာကနေသွားရင်သွား မသွားရင်တိုက်ခိုက်ကြဖို့ပဲကျန်တော့သည့်ပုံစံဖြစ်နေသည် ။

ဒါပေမဲ့ အဲ့ဒီ့အချိန်မှာ သူ့ရဲ့အကယ်ဒမီရှော့အရည်အချင်းအား ထုတ်သုံးလေတော့သည် ။

Kou Chen က အကျယ်ကြီးအော်ရယ်လိုက်တယ် ။

သူတစ်ယောက်တည်း သရုပ်ဆောင်ရုံအားမရလို့ Xu Zhi Fan ကိုပါ လှမ်းအခြေအနေကြည့်လိုက်သေးသည် ။ Xu Zhi Fan လဲ ကြောင်တောင်တောင်နှင့်လိုက်ရယ်ရာ သူ့အသံထက်ပင်ကျယ်သေးသည် ။

ဘာတွေဆက်ဖြစ်မှာလဲလို့ ခန့်မှန်းမရပေမဲ့ လက်ရှိမှာတော့ တတိယနှစ်အုပ်စု၏ ရန်လိုသောအကြည့်များကိုရင်ဆိုင်လိုက်ရသည် ။

" မင်းတို့ကြည့်ရတာ ပြသာနာတစ်ခုခုရှိနေပုံပဲ " , စီနီယာအချောလေး၏ အမူအယာမှာတောင့်တင်းနေသည် ။ ဒါပေမဲ့ Huo Ran နှင့် Xu Zhi Fan တို့မှာရယ်နေကြတုန်းပင် ။ ထို့ကြောင့် ပြသာနာ၏အရင်းအမြစ်ဖြစ်သော Kou Chen ကို သူမစိုက်ကြည့်လိုက်သည် ။

Huo Ran က တတိယနှစ်အုပ်စုထဲမှာ ကောင်လေးလေးယောက်ကိုစောင့်ကြည့်နေပေမဲ့လည်း လက်တွေ့တွင် ဘာအကူအညီမှသိပ်မပေးနိုင်ချေ ။ ထိုစီနီယာများ၏ အချုပ်မှာ မိန်းမချောလေးသာဖြစ်ပြီး သူမအမိန့်ပေးမှသာ ထိုစီနီယာများက လှုပ်ရှားကြမည်ဖြစ်သည် ။ ဒါပေမဲ့ ထိုမိန်းမချောလေးကတော့ ကျောင်းမှာ မကြာခနပေါ်လာဖူးခြင်းမရှိချေ ။


" Toilet က အရမ်းဝေးလွန်းတယ် " Kou Chen က သူ့ရဲ့ခါးစည်းကိုဟိုစမ်းဒီစမ်းလုပ်ရင်းပြောလိုက်သည် ။ " တကယ်လို့ မင်းတို့လဲဒီမှာသေးပေါက်မလို့ ကျန်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီအတွက်အဖိုးအခကိုပေးရလိမ့်မယ် "

" မင်း ဘယ်အတန်းကလဲ " နောက်ဆုံးတော့ အဆိုပါအုပ်စုက ယောကျ်ားလေးတစ်ယောက်က အသံထွက်လာသည် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now