"မောင်..."
အလုပ်စားပွဲနဲ့စာရွက်စာတမ်းတွေကြားကနေအသံလာရာကိုရှိန်းမော့ကြည့်လိုက်သည် ။
"ချားလော့ထ်! ?"
ရောက်လာမယ်လို့ထင်ထားပေမယ့် ဒီလောက်စောစောစီးစီးရောက်လာမယ်လို့တော့ ရှိန်းမထင်ထားခဲ့ဘူး။ ချားလော့ထ် ကအဖြူရောင်ရှပ်အကျႌကို ရင်ဘက်ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားသည်။ ဝင်းမွတ်နေတဲ့အသားရည်ပေါ်က ရွှေအိုရောင်ပုလဲဆွဲကြိုးလေးကသူ့ရဲ့သငေ်္ကတလိုပဲ။ နှုတ်ခမ်းနီရဲရဲနှင့်အမြင်မရိုင်းပဲ တင့်တယ်နေတာ သူသာရှိမည်ထင်သည် ။
ရှိန်းသူ့ကိုထိုင်ခုံမှာထိုင်ဖို့ညွှန်လိုက်သည်။ ကိုယ်တိုင်လည်းနေရာကထလာပြီးချားလော့်ထ်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည် ။ ချားလော့ထ်က သွယ်လျှတဲ့ခြေထောက်တွေကိုဟန်ပါပါချိတ်ကာထိုင်ရင်း ရှိန်းကိုကြည့်လာသည်။
"မောင်ကခန့်လာလိုက်တာ...ဆံပင်ရှည်တွေကတော့ ကြည့်မကောင်းဘူးကွာ.."
"ကိုယ် မအားလို့ "
ချားလော့ထ် ကရှိန်းကိုပြုံးပြုံးလေးကြည့်နေသည်။ ထိုမျက်ဝန်းတွေမှာ ဂုဏ်ယူနေသည့်အငွေ့အသက်များဖြင့်ပြည့်လျှမ်းနေသည်။
"မောင်က..သိပ်တော်တာပဲ"
"ဒီလောကကို မောင်ကိုင်လှုပ်နိုင်မှာလို့ မ သိနေတယ်"
ရှိန်းကပြုံးကာခေါင်းခါသည်။
"မင်းပြောသလောက်လည်းကိုယ်ကအဖြစ်မရှိသေးပါဘူးချာလီရယ်"
အတိတ်ကဇာတ်လမ်းတွေက သူ့အပြုံးတွေကြောင့်အသက်ဝင်လာခဲ့ပေမယ့် ရှိန်းအတွက်တော့ အကြာကြီးနေမှပြန်တွေ့ရတာတောင် ထူးထူးခြားခြားမခံစားရဘူး။ ချားလော့ထ်ကအမြဲကျက်သရေရှိပြီး လှပြီးရင်းလှနေတာတော့ဝန်ခံပါသည်။ သူခေါ်ခဲ့တဲ့နာမ်စားဟောင်းကိုပြန်သုံးလာလို့လည်း ရှိန်းကသူ့ကိုခေါ်ခဲ့တဲ့ နာမ်စားကိုပြန်သုံးဖို့စိတ်ကူးမရှိပါဘူး ။ ဟိုးအရင်ကဇာတ်လမ်းတွေ ပြန်အသက်ဝင်လာခဲ့လည်းရှိန်းကထိုဇာတ်ကိုနှစ်ခါပြန်ကဖို့အတွေးမရှိပါဘူး။