17.A Fight of Life and Love

843 50 5
                                    

ဇီ့ကိုရှိန်းရဲ့ဟိုတယ်ဆောက်လုပ်ရေးမှာထားခဲ့ပြီး ဂျေဆင်ဂျိမ်းစ်ကရောင်းန်းကိုပြန်ဖို့လေဆိပ်ကိုဆက်ထွက်လာခဲ့သည် ။ အဲမီကဂျေဆင်ဂျိမ်းစ်အတွက်လေယာဉ်တစ်စီး စီစဉ်ပေးထားသည်။ နံပါတ်၁ဦးဆောင်တဲ့အရိပ်အဖွဲ့က လူငါးယောက်ရယ်၊ အဲမီပါလာတဲ့လူတွေရယ်နဲ့ဂျေဆင်ဂျိမ်းစ်တို့ပြန်လာခဲ့ကြသည်။

ရောင်းန်းလေဆိပ်ကိုရောက်လာတာနဲ့မူမမှန်တဲ့ကိစ္စတွေကစလာတော့သည်။ ဂျေဆင်ဂျိမ်းစ်တို့ရဲ့ကားမောင်းသမားက လေယာဉ်ကွင်းပြင်ကျယ်ကြီးမှာရှိတဲ့သီးသန့်လေယာဉ်တစ်စီးနားမှာရပ်လိုက်သည် ။

"အကြီးအကဲတစ်ယောက်ရဲ့လေယာဉ်ပါခေါင်းဆောင်..."

မေရီဘေးကင်းကင်းနဲ့ပြန်ရောက်ပြီဆိုတဲ့ လူးဆီကစာရောက်လာသည်။ သောမတ်စ်ဘန်းစ် ကသူ့ကိုလာခေါ်သည်တဲ့။ ဂျေဆင်ဂျိမ်းစ်ဖုန်းကိုပိတ်လိုက်ပြီးတာနဲ့ အဲမီကတံခါးကိုအဆင်သင့်ဖွင့်ပေးသည်။ အနောက်ကကားဆီကလည်းလူတစ်ယောက်သာဆင်းလာပုံထောက်တော့ အရိပ်အဖွဲ့ကျပြီထင်သည်။ ဂျေဆင်ဂျိမ်းစ် လည်းသူတို့လက်ထဲရောက်ပြီ။ ဒါဟာအဆုံးသက်ပဲလားလို့တွေးရင်း မပြန်ခင်ကရှိန်းသတိပေးခဲ့တာကိုလစ်လျူရှုမိတာနောင်တရမိသည်။ မေရီအန္တရာယ်ကင်းတယ်ဆိုတဲ့သတင်းကိုပဲဝမ်းသာရတော့မှာပေါ့...။

သူတို့ခေါ်လာတဲ့ လေယာဉ်ပေါ်ကနေကတုံးပြောင်ပြောင်နဲ့အနီညိုရောင်အနောင်တိုင်းဝတ်စုံကုတ်အကျႌကိုဝတ်ထားတဲ့လူကဆင်းလာသည် ။ သူ့ရဲ့နောက်ပါနောက်သားတွေကလည်းတစ်ယောက်ပြီးတစ်ယောက် ထိုလေယာဉ်လေးထဲကနေဆင်းလာကြသည်။

"၈ မင်းကဒီကိုမှာဘာလုပ်နေတာလဲ"

ထိုကတုံးပြောင်ပြောင်လူက အဲဖရက်ရဲ့ဦးလေး အကြီးအကဲနံပါတ်၈ပါပင် ။ အကြီးအကဲတစ်ယောက်ချင်းဆီမှာကြီးမားပြီးများပြားလှတဲ့ဂုဏ်ထူးကြီးတွေရှိပေမယ့်၊ အဲ့တာတွေအကုန်လုံးကိုဂျေဆင်ဂျိမ်းစ်လိုက်ပြီးမှတ်မနေချင်ဘူး။ အဲ့ဒီ့တော့သူတို့ကိုရာထူးအလိုက်အာဏာအလိုက်နံပါတ်တွေတပ်ပြီးခေါ်လိုက်သည်။ အရိပ်အဖွဲ့လိုနံပါတ်တွေနဲ့ဖြစ်ကုန်လို့ သူတို့ကမကြိုက်ကြဘူး။ အခုလည်းနံပါတ်၈လို့အခေါ်ခံလိုက်ရတော့ ကတုံးကြီးရဲ့မျက်နှာပြောင်ပြောင်ကမဲမှောင်သွားသည် ။ သူ့နာမည်ခပ်ကြောင်ကြောင်ကိုဂျေဆင်ဂျိမ်းစ်မှတ်မိပါတယ်။ dragon flameတဲ့ ။

DIARIES Part 2(Love Is...)Where stories live. Discover now