08

1.9K 225 34
                                    

Unicode

08

ရှောင်းကျန့် ချက်ချင်းပင် ဌာနကို လိုက်သွားဖို့ စိတ်ကူးကာ အပေါ်ဝတ်ကုတ်အကျီကို ကောက်ယူလိုက်တယ်။

"ရဲအုပ်ရှောင်း ဒီအချိန်ကြီး ဘယ်သွားဦးမလို့လဲ၊ ကျွန်တော် ညစာပြင်..."

"ဆောရီး ရိပေါ်... ညစာကို မင်းတစ်ယောက်ထဲပဲ စားလိုက်တော့..."

ဘယ်သွားမယ်ဆိုတာ ပြောမသွားဘဲ အလောတကြီးထွက်သွားတဲ့ ရှောင်းကျန့်ကို ရိပေါ်က နားမလည်နိုင်စွာ​ ငေးကြည့်ရင်း ကျန်ခဲ့လေတယ်။

"အလုပ်က အရေးကြီးတယ်ဆိုပေမယ့် အစားတော့ ပုံမှန်စားသင့်တယ်မဟုတ်လား... အခုလို အစားမမှန်လို့ ခင်ဗျားကြီးက ပိန်နေတာ"

အိတ်ထဲမှာတင်ကွဲသွားတဲ့ ကြက်ဥအနှစ်ရည်တွေကို စစ်ထုတ်ရင်း ရိပေါ်တစ်ယောက်ထဲ မကျေမချမ်းနိုင် ပြောနေလေရဲ့။

ကွဲသွားတဲ့ကြက်ဥနှစ်လုံးကိုကြော်ပြီး ဝယ်လာတဲ့ထဲက နွားနို့ကို microwave oven ထဲထည့်လိုက်တယ်။  ညစာကတော့ ကြက်ဥကြော်ရယ် နွားနို့နဲ့တင် ဇာတ်သိမ်းတယ်။

ညစာစားလို့အပြီး တစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိ။ တစ်ယောက်ထဲ နေတာချင်းအတူတူ ရဲအုပ်ရှောင်းကတော့ သူ့လိုမဟုတ်။ ဧည့်ခန်းတစ်ခုလုံးလည်း ရှင်းလင်းသေသပ်ပြီး ပစ္စည်း ပစ္စယအားလုံးက သူ့နေရာနဲ့သူ အစီအရီပင်။ သူ့သူငယ်ချင်း ဟိုအစ်မကြီးနဲ့တော့ ကွာပါ့။ ဧည့်ခန်းထောင့်နေရာ ခုံအမြင့်ပေါ်မှာစိုက်ထားတဲ့ indoor plant ပန်းအိုးဘေးက စားပွဲတင်ဓာတ်ပုံမှန်ဘောင်လေးတစ်ခုကို ရိပေါ်တွေ့လိုက်တယ်။ ကောက်ယူကြည့်ပြီး ပြုံးလိုက်မိသေးရဲ့။

ဘယ်အချိန်ကြည့်ကြည့် နှစ်လိုဖွယ်ကောင်းနေတဲ့ ရဲအုပ်ရှောင်းရဲ့ မျက်နှာလေးကို အပြင်မှာ တစိမ့်စိမ့်ကြည့်ခွင့်မရခဲ့သမျှ အခုမှပဲ ဒီဓာတ်ပုံလေးထဲမှာ အဝကြည့်ရတော့တယ်။

အချစ်ဆိုတာ ရူးသွပ်ခြင်းလို့ပြောရင် မှန်တယ်လို့ သူက ထောက်ခံမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူလုံးဝ ဝါသနာမပါတဲ့ ဒီတာဝန်တွေကို ကျေကျေနပ်နပ်ထမ်းရွက်ဖို့ ရဲဝန်ထမ်းဘဝကို ရွေးချယ်လိုက်ခြင်းက ဒီလူကြောင့်ပဲ။ ဓာတ်ပုံလေးကို အားရအောင်ကြည့်ပြီး နေရာတကျ ပြန်ထားလိုက်တယ်။

Senior Xiao_Junior WangWhere stories live. Discover now