တော်လှန်ရေးနဲ့အစပြု အချစ်နဲ့ဆုံးမည်(GL)

50 2 0
                                    

#Zawgyi#

"ခြူး လမင်းလဲ ရှေ့တန်းနေချင်တယ် ''

"မရဘူး ''

"ခြူးးးးးးး ''

လူကို နှုတ်ခမ်းဆူပြပြီး မျက်စောင်းလေးနဲ့ မကြည်သလိုကြည့်နေတဲ့ကောင်မလေးကို မသိသလိုနေပြီး ရှေ့တန်းက ဒိုင်းကာကောင်လေးတွေဆီသွားမလို့ လုပ်တုန်း...

"ခြူးးးးးး ဘာလို့ လမင်းကိုကလေးလိုဆက်ဆံနေရတာလဲ ''

ပြောသံလေးကြားလို့ လှည့်ကြည့်လိုက်တော့ လမင်းက ခေါင်းလေးငုံ့ပြီး ငိုနေလေရဲ့..

မဟုတ်ဘူး သူမကိုကလေးလိုဆက်ဆံတာထက် သူမကိုမထိခိုက်စေချင်တာ သူမကိုဂရုစိုက်တာ သူမတစ်ခုခုဖြစ်မှာကို တွေးတောင်မတွေးရဲ ရှေ့တန်းတဲ့လား

ခြင်ကလွဲပြီး ကျန်တာမသတ်ရဲတဲ့ကောင်မလေးကို ဘယ်လိုအင်အားနဲ့ရှေ့တန်းမှာထားရမလဲ လေးခွတောင်မပစ်တတ်တဲ့ကောင်မလေးကိုလေ..

"ပြောတော့ ကလေးလိုဆက်ဆံတာမကြိုက်ဘူးဆို တစ်ခုခုဆို ဘာလို့ငိုတာလဲ ''

ပြောတော့ ခေါင်းလေးမော့လာပြီး မျက်ရည်လေးတွေနဲ့

"ငိုတာနဲ့ သတ္တိမရှိတော့ဘူးလား ဟိုကောင်တွေကို မုန်းလို့ ခြူးတို့အဖွဲ့ထဲဝင်တာလေ..ခုတော့ မုန့်ဝေတါတို့ ပစ္စည်းလေးတွေစောင့်ခိုင်းပြီး တစ်ခုခုဆို ပြေးခိုင်းနေတယ် ''

အဲ့တာ ချစ်လို့ပေါ့လို့ ပြောပစ်ချင်တာ ခက်တယ် သူရောကိုယ်ရောက မိန်းကလေးတွေလေ သူမကရော ကိုယ့်ကိုချစ်ရဲ့လား ဘယ်သေချာမလဲ

"ဟိုနှစ်ယောက် ရန်ဖြစ်နေပြန်ပြီလား နင်တို့လဲ အတွဲထက်ဆိုးတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ''

"ဟာ ကိုဝေယံ ဟိုကလေးမကငိုနေပါတယ်ဆို မစနေနဲ့ ''

"ဟားးးးး အဲ့​ကောင်မလေးက နင်အလိုလိုက်မှန်းသိလို့ ဆိုးနေတာ မိထက်ရဲ့ ''

လာပြီ ခြူး နဲ့အဲ့အကိုကအရမ်းတွဲတယ်လေ ခြူးကို သူများနဲ့မတူအောင် 'မိထက်'လို့ခေါ်တတ်တဲ့သူ...

အရပ်ရှည်ပြီး ချောတယ်ပြောလို့ရသလို ဒိုင်းကာအဖွဲ့ခေါင်းဆောင် ကိုဝေယံတဲ့ တချို့ ကောင်မလေးတွေ အအေးပေးလိုက် စကားပြောလိုက်သွားရောပေမဲ့ ခြူးကိုဘဲ အရောတဝင်ဆက်ဆံတဲ့သူ

Angles လေးများအတွက် Ficကလေးများစုစည်းရာWhere stories live. Discover now