#Uni#
အိမ်မက်...အိမ်မက်ဆိုတာ တကယ်မဖြစ်နိုင်ဘူးလေ..လူတိုင်းက အိမ်မက် မက်ဖူးကြမှာပေါ့..ပျော်စရာတွေရှိမယ်..ကြောက်စရာသရဲအိမ်မက်တွေ ရှိတယ်..
ကိုယ်ကတော့...ဘယ်တော့မှမနိုးထချင်တဲ့အိမ်မက်လေးတစ်ခုရှိတယ်
"အဟင့် အဟင့်....လရိပ် ''
"ဟဲ့ ဘာလို့ငိုနေတာလဲ...''
"ဟို ဟိုကောင်တွေငါ့ကိုအနိုင်ကျင့် လိုက်လိုက် ဗြဲ...''
2တန်း တုန်းကအကောင်သေးတဲ့ နေမင်းရှိန်က တခြားကလေးတွေရဲ့အနိုင်ကျင့်ခံရတာပေါ့...အဲ့တုန်းက ကိုယ်ကတော့ လူကောင်နည်းနည်းကြီးသလို...စွာတာမို့ ကြောက်ကြတယ်..
ခုလဲ ကြည့် သူ့မုန့်ထုပ်တွေ လုစားခံရပြန်ပြီ..
ပုံဆွဲနေရာကနေ...သံကွန်ပါဗူးကြီးကိုယူပြီး"လာ ဘယ်မလဲ...''
တွေ့ပါပြီ..ကလေးကစားကွင်းနားမှာ ဆော့နေကြတဲ့ ကလေးတစ်အုပ် နေမင်းရှိန်တို့များ သတ္တိရှိချက်...ကိုယ့်နောက်မှာ ပုန်းနေသတဲ့လေ...
"နင့်ကိုအနိုင်ကျင့်တာ ဘယ်သူလဲ..''
ပြောတော့ လဒကောင်က ကြောက်ကြောက်နဲ့ ကလေးအုပ်ထဲက ဝဝတုတ်တုတ် လူကောင်ကြီးကြီး ကောင်လေးတစ်ယောက်ကို လက်ညိုးထိုးပြတုန်း
"ရားးးး..''
အဲ့ဝဝတုတ်တုတ်ကောင်က ခွေးတွေ မာန်ဖီးသလို ခြောက်တော့ ကိုယ့်အနောက်က အင်္ကျီစကို ကိုင်ပြီး ပုန်းသတဲ့..တကယ် ယောကျားသတ္တိ အပြည့်ရှိတဲ့ကောင်ပါ
"ဟဲ့ နင်က ငါ့ငယ်ချင်းကိုအနိုင်ကျင့်တဲ့ကောင်လား..''
"အေး အဲ့တော့ ဘာဖြစ်လဲ...''
ကိုယ့်အနားကပ်ပြီး လူမိုက်လိုလာကြည့်တဲ့ကောင်ကို မိုက်ကန်းကန်းပြန်ကြည့်ပြီး
"အဲ့တော့...''
လက်သွက်တဲ့ကိုယ်က လက်ထဲပါလာတဲ့ သံကွန်ပါဗူးနဲ့
"ထုတယ်ဟာ...''
အားပါပါနဲ့ ထုလိုက်လို့နေမယ်..အဲ့ကောင်နှဖူးပေါက်သွားတယ်..သွေးတွေထွက်လာတော့..ကစားနေတဲ့ကလေးတွေရော..ဝိုင်းကြည့်ပြီး..
YOU ARE READING
Angles လေးများအတွက် Ficကလေးများစုစည်းရာ
Fantasyတက်နိုင်တဲ့ဘက်က လှူဒါန်းသောကလေးများအား တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး ဂုဏ်ပြုချင်လို့ရေးထားသော oneshortကလေးများ စုစည်းရာဖြစ်သည်