💕 3 💕

854 71 1
                                    

❣❣ You Belong With Me ❣❣
.............Part 3....................
[ လောကဓံကို အတူရင်ဆိုင်မယ်...ကိုကို့လက်ကိုသာတွဲထားပေး...]

" ဟေးးး အချစ်...ကိုကို့အချစ်လေး ရှောင်းစွာတေး..."

ကျောင်းထဲခြေချလိုက်သည်နှင့် ကြားလိုက်ရသော အသံ...
ရှောင်းကျန့်ရင်ထဲ ကျက်သရေ မဂ်လာအဖြာဖြာဖြစ်ရကာ မေတ္တာပို့သမိလေသည်...

! ဟွန့် နှာဘူးကြီး...လူဆိုးကြီး...!

" ချစ်လေး...ကိုကိုခေါ်နေတယ်လေ..."

! မနေ့က ငါ့ကိုဒုက္ခပေးတယ်...ဒီနေ့ ဘယ်လိုနှောက်ယှက်မလဲမသိဘူး...!

" ဟေးးးးရှောင်းစွာတေး..."

ရိပေါ်..အော်နေသံကြောင့် ဖြတ်သွားဖြတ်လာ ကျောင်းသား ကျောင်းသူများပြုံးစိစိဖြစ်ကုန်ကျသည်...
ခုမှ Fresher ဖြစ်သောရှောင်းကျန့် မသိသော်လည်း ကျောင်းမှကျောင်းသားများကတော့ ရိပေါ်ကိုသိကျလေသည်လေ...

မျက်နှာလေးက ချောမောသလောက်...
အစအနောက်သန်သည်...
အစအနောက်သန်သော်လည်း...
ဗရုတ်သုတ်ခကျသလိုလည်းမဟုတ်...
သူငယ်ချင်းပေါင်းပေါင်းသည်က ဟောက်ရွှမ်းနှင့်ယွီပင်းနှစ်ယောက်သာ...

ရိပေါ်အော်ခေါ်နေရင်းမှ...ရှောင်းကျန့်နားပြေးလာကာ...ပုခုံးအား..ဖက်လိုက်သဖြင့်..
ရှောင်းကျန့်ယိုင်ခနဲဖြစ်သွားရပြီး...မျက်နှာမှာလည်း ခုနှစ်ဆယ့်ရှစ်ခေါက်လောက် ချိုးတွန့်ထားလေသည်...

" ရှောင်းစွာတေးလေးက ကိုကိုခေါ်တာကို ဘာလို့မထူးတာလဲ...ဟူးးးကိုကိုပြေးလိုက်ရတာ မောလိုက်တာ..."

" ဖယ်စမ်းပါ ခင်ဗျားလက်ကို..."

" အို ကိုကို့ရည်းစားလေးကို ကိုကိုဖက်တာပဲ...ဘာလဲ...မချစ်ဘူးလား..."

" တော်စမ်းပါ...မနေ့က Set Square (ကျင်တွယ် လို့ပြောရမလား...သုံးထောင့်ချွန်တိုင်းတဲ့ ပစ္စည်းလေးပါ..) နဲ့ထောက်ပြီး
ဟွန်းး..."

💕 You Belong with Me 💕 (Completed)Where stories live. Discover now