❣❣ You Belong With Me ❣❣
.............Final ....................
( ကျန့်လေးရဲ့ကိုကို...သားသားရဲ့ ပါပါး)(ဘေကျင်းဆေးရုံ...)
" အား...ကိုကို...နာတယ်...ဟင့်..."
" အင်းအင်း...ကျန့်လေး...ခဏသည်းခံပေးနော်...ခဏလေး..."
" ဟင့်...အီး....ဒီလိုမှန်းသိရင်...အစကတည်းက ကိုကို့စကားနားထောင်တယ်..
ဟင့်...နာလိုက်တာ...ကိုကို...ဟင့်..."" အင်းပါ..ကျန့်လေး..ကိုကိုရှိတယ်နော်..."
ကျန့်လေးဗိုက်နာနေပြီမို့ ရိပေါ်ပါ ပြာယာခက်ရသည်...ကိုယ်တိုင်ဝင်နာပေးချင်သော်လည်း...မဖြစ်နိုင်...
ယောက်ျားလေးကိုယ်ဝန်ဆောင်သည်မို့...
မမွေးခင်တစ်လအလိုကတည်းကပင်...ရှောင်းကျန့်အား ဆေးရုံသို့ပို့ထားရလေသည်...မွေးမည့်အချိန်တွင် အစစ အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားရသည်လေ....ခွဲခန်းထဲတွင်ခွဲစိတ်မွေးဖွားနေစဥ်...အပြင်မှစောင့်နေရသော ရိပေါ်...ဖင်တစ်ကြွကြွ လည်တစ်ရှည်ရှည်ဖြင့်....
ကလစ်....
" ဆရာ..ဆရာ...ကျန့်လေး ကျန့်လေးနေကောင်းလား ဘယ်လိုနေလဲ..ဟို.."
" စိတ်ကိုအေးအေးထားပါဗျ...ဖခင်ရော ကလေးတွေရောနေကောင်းပါတယ်..."
" ဟုတ်...ဟုတ်ကဲ့ပါဆရာ..ဟီး.."
" ခဏနေရင် လူနာရွှေ့မယ်ဗျ...ခုလောလောဆယ်တော့ သတိရဦးမှာမဟုတ်ဘူး..."
" ဗျာ...😲😲"
" အာ...စိုးရိမ်နေပြန်ပြီလား မေ့ဆေးသုံးပြီး မွေးဖွားထားရလို့ သတိမေ့နေတာပါ...နောက်နှစ်နာရီလောက်ဆို သတိရမှာပါ...ခင်ဗျားစိတ်ကိုအေးအောင်ထားပါဦးဗျ..."
" ဟုတ်ကဲ့ပါဆရာ..."
ထိုမှပင် ရိပေါ် ဟင်းချနိုင်တော့လေသည်...
ကိုယ်ဝန်ဆောင်စဥ်ကတည်းကပင်...ရိပေါ် ကျန့်လေးအား အထူးအထူးကရုစိုက်ကာ..
ပူပင်စိုးရိမ်နေခြင်းဖြစ်သည်...
ညစဥ်...ကျန့်လေးအနည်းငယ်လှုပ်ရှားသည်ကိုပင်...သူဆက်ခနဲ နိုးပြီးသား...
သူအိပ်နေစဥ် ရှောင်းကျန့်တစ်ခုခုဖြစ်သွားမည်ကို အလွန်အမင်းစိုးရိမ်သည်မို့...ကိုယ်ဝန်ဆောင်ရသူထက် သူပိုကာ ပင်ပန်းဆင်းရဲရလေသည်....
.......