Part-1

17 1 0
                                    

ကျွန်တော့ရဲ့ 'kay'~~~~

"ငါ့ကိုလွှတ်လို့ပြောနေတယ်နော်....ငါကနင်ထင်နေမိန်းမမျိုးမဟုတ်ဘူး...."

အသံတစ်သံကြောင့် ကျွန်တော်အလန့်တကြားလှည့်ကြည့်မိသည်။ အဆောက်အုံတစ်ခု၏ လူပြတ်သောအနောက်လမ်းကြားတွင် ကတောက်ကဆဖြစ်နေသော ဆယ်ကျော်သက်ရွယ်ကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်။ ကိုယ်နှင့်မဆိုင်သည့်ကိစ္စမို့ ကျော်သွားဖို့ပြင်ချိန်မှာ ဘဲ ထိုကောင်လေး၏ လက်တစ်ဖက်ကကောင်မလေး၏မျက်နှာသို့ချိန်ရွယ်ကာ ရိုက်မည့်ဟန်ကြောင့် ကျွန်တော်ကိုယ့်ကိုယ်ပင်သတိမထားမိဘဲ ထိုအတွဲနားသို့ရောက်သွားကာ ကောင်လေး၏လက်ကို ဆွဲကိုင်တားမိသွားသည်။
သေပြီ...။ကြားသုံးကြားမဝင်ကောင်းတဲ့။ ကျွန်တော်ကိုယ့်ဘာကိုယ် ပြသာနာမီးခွက်ထွန်းရှာမိပြီဘဲ။

"ကောင်လေး! မိန်းကလေးတစ်ယောက်ကိုလက်ပါတာမကောင်းဘူးထင်တယ်"

"ခွပ်!"

ကျွန်တော်​ ကောင်လေးကိုဖြောင်းဖြနေစဥ် ကျွန်တော့ရှေ့ရှိကောင်မလေးမှ ထိုကောင်လေးကို လက်သီးတစ်ချက်ဖြင့်ထိုးနှက်လိုက်ခြင်းပင်။
အားပြင်းသည်လားမမေးနှင့်။ ထိုလက်သီးချက်ကြောင့်ကောင်လေးခမျာ နောက်သို့ပင်လန်ကျသွားသည်။ အမလေး...နာလိုက်မည့်ဖြစ်ခြင်း။ ထိုကောင်လေးအပြင်ကျွန်တော်ပါ မျက်နှာရှုံ့မိသွားသည်။ ထိုစဥ် ကောင်မလေးမှ လဲကျနေသောကောင်လေးကို ဝါးစားမတတ်စိုက်ကြည့်ပြီး
"Bastard !" ဟုတစ်ခွန်းသာကျိန်ဆဲပြီး ထွက်ပြေးသွားလေသည်။ ထွက်​​​​ပြေးသွားသောကောင်မလေး၏ကျော​ပြင်ကိုကြည့်ပြီး
'အို...တကယ့်မလွယ်ကြောလေးဘဲ' ဟုကျွန်တော်မှတ်ချက်ချမိသည်။
...................................

ကျွန်တော်ခုရောက်နေသည့်နေရာက clubတစ်ခု..။
ဒီမြို့ကိုအလုပ်ပြောင်းရွှေ့လာမှုကြောင့် ကြိုဆိုပွဲဟူသောခေါင်းစဥ်ဖြင့် သူငယ်ချင်းအပေါင်းသူတော်ကောင်းတို့ ဆောင်မမှုကြောင့် clubသို့ရောက်လာရသည်။

သေးငယ်သည့်မြို့လေးတစ်မြို့ဖြစ်သောကြောင့် clubဟူ၍ဒီclubတစ်ခုသာရှိသည်။ သို့​ကြောင့်လားပင်မသိ clubကအတော်ပင်လူစည်လှသည်။ လက်မှcocktailခွက်ကိုသာမြှင်းသောက်ရင်း ကခုန်နေသည့်လူများ၏ခေါင်းပေါ်မှ မြင်နေရသောကောင်မလေးတစ်ယောက်။ ​အဖော်အလော်အဝတ်အစားနှင့်clubများတွင်တွေ့လေ့ရှိသော dj mixer girlများနှင့်မတူဘဲ ပေါင်လယ်ထိရှည်သည့် hoodieအပွအနက်ရောင်နှင့် ပေါင်တိုဘောင်းဘီကိုဝတ်ဆင်ထားသည်။ ဆာမူရိုင်းဆံမိတ်အတိနှင့် ဆံပင်ဂုတ်ဝဲလေးကို ဒီဇိုင်းတူပြီးအရောင်ကွဲသော ကလစ်များဖြင့် ရှုပ်ယှက်ခက်စွာ ပြင်ဆင်ချယ်သထားသည်။ ဒါ့အပြင် မျက်နှာကိုလဲ အနက်ရောင်maskဖြင့် ဖုံးကွယ်ထား​သေးသည်။ ထိုdj mixerမလေးကိုကြည့်ပြီး ဟိုနေ့ကတွေ့ခဲ့သည့် မလွယ်ကြောသတ္တိခဲလေးကို မဆီမဆိုင်သတိရမိသည်။ ထိုသတ္တိခဲလေးကျေးဇူးကြောင့်ပင် ချစ်သူငယ်ချင်း၏ "ဒီမြို့ကိုခြေချတာမှ တစ်ရက်မပြည့်သေးဘူး...ပြသာနာရှာလိုက်ပြန်ပြီ"ဟူသောချီးမွမ်းစကားကြားခဲ့ရသေးသည်။

ကျွန်တော့ရဲ့ Kay~~Where stories live. Discover now