ကျွန်တော့ရဲ့ 'kay'~~~~~
Part-2"ဒါ'kay'လေ......H1တန်းက....တီချယ်ကြီးတို့ ကျောင်းJudo clubက လက်ရွေးစင်ကစားသမားလဲဟုတ်တယ်...kayကတီချယ်ကြီးတို့ ဌာနအတွက် စာမှာရောအားကစားဘက်မှာရော ရွှေတံဆိပ်တွေအများကြီး ယူထားပေးတဲ့ အဖိုးတန်ကလေး..."
ကျွန်တော့ဌာနမှုး တီချယ်ကြီးသည် ရုံးခန်းအတွင်းရှိ မှန်ဘီရိုထဲမှာ ရွှေတံဆိပ်ဆုများကို ညွှန်ပြကာ ထိုသတ္တိခဲမလေးအကြောင်းကို မမောနိုင်မပန်းနိုင် အမွှန်းတင်ချီးကျူးနေလေသည်။ ကြည့်ရတာ သူ၏တပည့်ကျော်မလေး၏ ဆိုးသွမ်းသည့်ဘက်ခြမ်းကို မမြင်ဖူးသေးဘူးဖြစ်မည်။ မင်းကစိတ်ဝင်စားစရာဘဲ...ကလေးမ။ Judo clubက ကျောင်းလက်ရွေးစင်တဲ့။ ဒါကြောင့်မို့ပေါ့ အဲ့နေ့က ဟိုကောင်လေးကို တစ်ချက်လေးနဲ့အလဲထိုးပလိုက်တာ။ အာ....ငါအမှန်အဲ့နေ့က ဝင်မပါလိုက်သင့်ဘူး.....။
ထိုကောင်မလေးသည် ကျွန်တော့ကို မျက်လုံးချင်းစုံအောင်ပင် မကြည့်ပေ။ အလိုက်သင့်တစ်ချက်ပြုံးပြကာ..."တီချယ်ကြီး...သမီးအတန်းတက်စရာရှိသေးလို့...သွားတော့မယ်နော်"ဟုဆိုကာ နောက်သို့ပင်လှည့်မကြည့်ဘဲ တန်းနေအောင်ပြေးလေသည်။
ထွက်ပြေးသွားသောအနှီကောင်မလေးကိုကြည့်ရင်း ကျွန်တော့၏နှုတ်ခမ်းတို့၌ နားလည်ရခက်သော အပြုံးတစ်ချို့ စွဲထင်ခဲ့သည်။
...................................ကျွန်တော်ကျောင်းကိုရောက်လာတာ နှစ်ပတ်ကျော်ပြီဖြစ်သည်။ သို့သော် ဟိုသတ္တိခဲမလေးကို ယခုချိန်ထိဖမ်းမမိပေ။ ကျွန်တော်သင်တဲ့အတန်းချိန်တိုင်းကို ထိုကလေးမက 'training ရှိသည်' 'ကျောင်းတွင်းcampaignရှိလို့' အစရှိသောအကြောင်းပြချက်မျိုးစုံဖြင့် ခွင့်ယူပြေးလေသည်။
သတ္တိခဲမလေးတို့ အတန်းpracticalရှိသည့်မို့ ကျွန်တော်ကြိုပြင်စရာရှိတာကြောင့် practicalခန်းသိူ့စောထွက်လာခဲ့သည်။ ကျွန်တော်အခန်းနားရောက်တော့ အခန်းပြင်မှအတွင်းသို့ချောင်းနေသော ကြောင်ရိုင်းမလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။ကျွန်တော်စနောက်ချင်သောစိတ်ဖြင့် ကြောင်းရိုင်းမလေးအနားသို့သွားကာ
"ဟိတ်!...ဘာချောင်းနေတာလဲ"