ကျွန်တော့ရဲ့ 'kay'~~~~
"ငါ့ကိုလွှတ်လို့ပြောနေတယ်နော်....ငါကနင်ထင်နေမိန်းမမျိုးမဟုတ်ဘူး...."
အသံတစ်သံကြောင့် ကျွန်တော်အလန့်တကြားလှည့်ကြည့်မိသည်။ အဆောက်အုံတစ်ခု၏ လူပြတ်သောအနောက်လမ်းကြားတွင် ကတောက်ကဆဖြစ်နေသော ဆယ်ကျော်သက်ရွယ်ကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်။ ကိုယ်နှင့်မဆိုင်သည့်ကိစ္စမို့ ကျော်သွားဖို့ပြင်ချိန်မှာ ဘဲ ထိုကောင်လေး၏ လက်တစ်ဖက်ကကောင်မလေး၏မျက်နှာသို့ချိန်ရွယ်ကာ ရိုက်မည့်ဟန်ကြောင့် ကျွန်တော်ကိုယ့်ကိုယ်ပင်သတိမထားမိဘဲ ထိုအတွဲနားသို့ရောက်သွားကာ ကောင်လေး၏လက်ကို ဆွဲကိုင်တားမိသွားသည်။
သေပြီ...။ကြားသုံးကြားမဝင်ကောင်းတဲ့။ ကျွန်တော်ကိုယ့်ဘာကိုယ် ပြသာနာမီးခွက်ထွန်းရှာမိပြီဘဲ။"ကောင်လေး! မိန်းကလေးတစ်ယောက်ကိုလက်ပါတာမကောင်းဘူးထင်တယ်"
"ခွပ်!"
ကျွန်တော် ကောင်လေးကိုဖြောင်းဖြနေစဥ် ကျွန်တော့ရှေ့ရှိကောင်မလေးမှ ထိုကောင်လေးကို လက်သီးတစ်ချက်ဖြင့်ထိုးနှက်လိုက်ခြင်းပင်။
အားပြင်းသည်လားမမေးနှင့်။ ထိုလက်သီးချက်ကြောင့်ကောင်လေးခမျာ နောက်သို့ပင်လန်ကျသွားသည်။ အမလေး...နာလိုက်မည့်ဖြစ်ခြင်း။ ထိုကောင်လေးအပြင်ကျွန်တော်ပါ မျက်နှာရှုံ့မိသွားသည်။ ထိုစဥ် ကောင်မလေးမှ လဲကျနေသောကောင်လေးကို ဝါးစားမတတ်စိုက်ကြည့်ပြီး
"Bastard !" ဟုတစ်ခွန်းသာကျိန်ဆဲပြီး ထွက်ပြေးသွားလေသည်။ ထွက်ပြေးသွားသောကောင်မလေး၏ကျောပြင်ကိုကြည့်ပြီး
'အို...တကယ့်မလွယ်ကြောလေးဘဲ' ဟုကျွန်တော်မှတ်ချက်ချမိသည်။
...................................ကျွန်တော်ခုရောက်နေသည့်နေရာက clubတစ်ခု..။
ဒီမြို့ကိုအလုပ်ပြောင်းရွှေ့လာမှုကြောင့် ကြိုဆိုပွဲဟူသောခေါင်းစဥ်ဖြင့် သူငယ်ချင်းအပေါင်းသူတော်ကောင်းတို့ ဆောင်မမှုကြောင့် clubသို့ရောက်လာရသည်။သေးငယ်သည့်မြို့လေးတစ်မြို့ဖြစ်သောကြောင့် clubဟူ၍ဒီclubတစ်ခုသာရှိသည်။ သို့ကြောင့်လားပင်မသိ clubကအတော်ပင်လူစည်လှသည်။ လက်မှcocktailခွက်ကိုသာမြှင်းသောက်ရင်း ကခုန်နေသည့်လူများ၏ခေါင်းပေါ်မှ မြင်နေရသောကောင်မလေးတစ်ယောက်။ အဖော်အလော်အဝတ်အစားနှင့်clubများတွင်တွေ့လေ့ရှိသော dj mixer girlများနှင့်မတူဘဲ ပေါင်လယ်ထိရှည်သည့် hoodieအပွအနက်ရောင်နှင့် ပေါင်တိုဘောင်းဘီကိုဝတ်ဆင်ထားသည်။ ဆာမူရိုင်းဆံမိတ်အတိနှင့် ဆံပင်ဂုတ်ဝဲလေးကို ဒီဇိုင်းတူပြီးအရောင်ကွဲသော ကလစ်များဖြင့် ရှုပ်ယှက်ခက်စွာ ပြင်ဆင်ချယ်သထားသည်။ ဒါ့အပြင် မျက်နှာကိုလဲ အနက်ရောင်maskဖြင့် ဖုံးကွယ်ထားသေးသည်။ ထိုdj mixerမလေးကိုကြည့်ပြီး ဟိုနေ့ကတွေ့ခဲ့သည့် မလွယ်ကြောသတ္တိခဲလေးကို မဆီမဆိုင်သတိရမိသည်။ ထိုသတ္တိခဲလေးကျေးဇူးကြောင့်ပင် ချစ်သူငယ်ချင်း၏ "ဒီမြို့ကိုခြေချတာမှ တစ်ရက်မပြည့်သေးဘူး...ပြသာနာရှာလိုက်ပြန်ပြီ"ဟူသောချီးမွမ်းစကားကြားခဲ့ရသေးသည်။