Part - (6)

393 20 2
                                    

Zawgyi:

"မေမေရေ သားဆိုင်သွားတော့မယ်နော်"

"အေး အေးသား ဒါနဲ့ခြေထောက်ကသက်သာလို့လား"

"အာရပါတယ်မေမေရဲ့ ဘာမှမဖြစ်ပါဘူး သားသွားပြီနော်"

လင်းမနေ့ကစစ်သွေးဆိုင်မှာဘာမှမလုပ်ဘဲထိုင်သာထိုင်နေလိုက်ရသည်။နောက်တော့အဲ့ကောင်ပဲအိမ်ပြန်ပို့ပေးတာ။သူကခြေထောက်မသက်သာရင်မဖို့ပြောပေမယ့်လည်း ကိုယ်ကပိုက်ဆံယူပြီးအလုပ်လုပ်တာလေ။ဘာပဲဖြစ်ဖြစ်အားနာရတာပေါ့။ဒါတောင်ဒီနေ့သူ့အမဆိုင်မှာသူထိုင်ပေးမယ် မလာနဲ့လို့ပြောထားလို့သာခုမှထွက်လာခဲ့ခြင်း ဒီနေ့ကသောကြာနေ့ အဲ့ဒီနေ့တိုင်းကော်ဖီဆိုင်ကလူပါးတတ်သည်။သူအပြင်လေးဘာလေးလည်း လျှောက်သွားဖို့စိတ်ကူးထားသည်။ရှေ့မှာစစ်သွေးဆိုင်ကိုတောင်လှမ်းမြင်နေရပြီ။

"ဟေ့ရောင် စစ်သွေးရေ"

"လင်းဇော် မင်းကလည်းနားပါလို့ပြောနေတဲ့ဟာကို"

"ရပါတယ်ကွာ ငါလည်းသက်သာနေပါပြီ ငါအင်္ကျီသွားလဲလိုက်ဦးမယ်နော်"

"အေး ပြောမရရင်လည်းလုပ်တော့"

လင်းလည်းရယ်သာရယ်ပြပြီး အင်္ကျီလဲဖို့ပြင်လိုက်သည်။ပြီးတော့အလုပ်စလုပ်လိုက်သည်။သူလည်းစစ်သွေးကိုကူလိုက် ဆိုင်လာတဲ့လူတွေနဲ့ရော အလုပ်ရှုပ်နေတော့သည်။

"လင်းဇော် မင်းပြန်ချင်ပြန်တော့လေ ဒီနေ့လူပါးတယ် ငါလည်းခဏနေပြန်တော့မှာ"

"အေးပါ ခုမှလေးနာရီပဲရှိသေးတယ် ငါအပျင်းပြေလျှောက်သွားလိုက်ဦးမယ်"

"အေးပါ မကြာစေနဲ့ဦး"

"အေးအး ငါသွားပြီ"

သူလည်းစစ်သွေးကိုနှုတ်ဆက်ပြီး ဆိုင်မှထွက်လာခဲ့လိုက်သည်။ အင်းဘယ်သွားရင်ကောင်းမလဲ လောလောဆယ်တော့ငါမုန့်တီစားမယ် ရှေ့နားကဆိုင်ကကောင်းတယ် သူလည်းတွေးပြီး ခြေလှမ်းတွေကထိုဆိုင်သို့ဦးတည်လိုက်သည်။

"အား စပ်လိုက်တာ ပြီးတော့ဗိုက်ကိုတင်းသွားတာပဲ"
သူလည်းမုန့်တီစားပြီးဗိုက်ပြည့်သွားတာကြောင့် ဖြည်းဖြည်းလေးလမ်းသာလျှောက်လာလိုက်သည်။အိမ်လည်းပြန်ချင်စိတ်မရှိသေး။
-
-
-
-
-
-
"တံခွန်"

မောင့်ကိုချစ်သည်Where stories live. Discover now