[2]

456 110 18
                                    

အပိုင်း ()

*****

[Unicode]

ကုဝေ့ အိပ်နေရာကနေ နိုးနိုးလာချင်း မျက်နှာကြက်ကို ကြောင်တောင်တောင်နဲ့ပဲ စိုက်ကြည့်နေလိုက်သည်။ ကုဝေ့အတွက် အိပ်မက်ဆိုတာက မသိစိတ်ကနေ လာတဲ့အရာဖြစ်ပြီး အတွေးတွေ စုပြုံနေလို့ အလိုမပါဘဲ မက်လိုက်ရပါတဲ့ အဓိပ္ပာယ်မရှိတဲ့ လောကဖြစ်သည်။ ကုဝေ့ တစ်ယောက်ယောက်ကို ကြိုက်မိနေပြီဆိုရင်တော့ သိသာပါသည်။ အာရုံစိုက်နေမိမယ်.. အိပ်မက်ထဲ ခဏခဏထည့်မက်မယ် .. မျက်စိရှေ့ရှိမနေတာတောင် သူ့အကြောင်းကို ခဏခဏတွေးမိနေမယ်ဆိုရင် ကုဝေ့ တစ်ယောက်ယောက်ကို ကြိုက်နေပြီဖြစ်သည်။

ချန်ယွီကတော့ ကုဝေ့အပေါ် အခေါက်ခေါက်အခါခါ အကြွေးတင်နေလေသည်။ ၁၉နှစ်ကစလို့ ဆေးရုံဆိုလို့ အိမ်ဘေးက ဆေးခန်းသေးသေးလေးကိုသာ သွားဖူးပြီး ထိမိခိုက်မိလို့ သွေးထွက်ရတယ်ဆိုတာကိုလည်း လူတိုင်းဖြစ်တတ်တဲ့ကိစ္စလို့ ယုံကြည်ထားသူဖြစ်သည်။ ပြစ်မှုကျူးလွန်တဲ့ လူတိုင်းက ဓားမပါ တုတ်မပါဘဲ လုပ်ကြတာမှမဟုတ်ဘဲလေ။

ဒီလူမျိုးတွေကို ချန်ယွီ ကိုင်တွယ်ရတာဆိုတော့ မတတ်သာဘဲ ဒဏ်ရာရတာတွေက ရှိမှာပဲလို့ သတ်မှတ်ထားတဲ့လူစားမို့ တော်ရုံတန်ရုံဆို ဆေးရုံဆေးခန်းထိ သွားစရာ မလိုဘူးလို့ထင်သည်။ ဒါကြောင့်မို့ အရေးပေါ်ခန်းရောက်ပြီး အဲ့ဒီ့ အာရုံနောက်စရာ ဆရာဝန်လေးနဲ့ ကြုံရတဲ့နေ့တွေဆို ချန်ယွီ့ပုံစံက လမ်းဘေးက သူတောင်းစားတောင် သနားသွားလောက်သည့် ပုံစံဖြစ်နေသည်။ သွေးတွေ ဆက်တိုက် ထွက်ပြီး ပြဲသွားတဲ့နေရာကို ၁၂ချက်လောက် ချုပ်ပြီး အကိုက်အခဲပျောက်ဆေး တစ်လုံး သွင်းရတာက ပုံမှန်ပင်။

ဒီလိုမျိုး ကိုယ့် ခန္ဓာကိုယ်ကို မညှာတတ်တာ အကျင့်ဖြစ်လာတော့ ကြာလာတာနဲ့အမျှ ၂နာရီကြာ ဆေးသွင်းရတာကလည်း အချိန်ဖြုန်းသလိုဖြစ်​၊ ဆေးရုံက ပေးလိုက်တဲ့ ဆေးဘူးတွေ ဆေးထုတ်တွေကလည်း ရုံးခန်းထဲက စားပွဲပေါ်မှာ အလှဆင်ဖို့ ဖြစ်လာသည်။ အဲ့နေ့က အပြီးသတ်လိုက်တဲ့ အမှုကလည်း နေ့တွင်းချင်း အထက်ကို တင်ပြမှ ဖမ်းဝရမ်းဖြစ်ဖြစ် တစ်ခုခုကျလာမှာမို့ ချန်ယွီသည် နေမထိထိုင်မသာ ဖင်တကြွကြွဖြစ်နေသည်။ ဆေးရုံမှာ ထပ်နေရဦးမယ်လို့ ဖြောင်းဖြနေတဲ့ သူနာပြုဆရာမတွေကို ချန်ယွီက 'ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ကုပေးတာ ကျေးဇူးတင်ပါတယ်' လို့ပြောရင်း ပြန်ဖြောင်းဖြလိုက်သည်။

Folding a Tissue RoseWhere stories live. Discover now