"Kim Soekjin! မင်းကိုဒီလေ့ကျင့်ခန်းတွေပြီးအောင်လုပ်ခိုင်းထားတယ်လေ"
"ဟင့်၊ Dady ကလည်းကျွန်တော်ပင်ပန်းနေပြီ၊ နားတော့မယ်လေ၊နော်~~"
Soekjinအဖေကိုကလေးဆိုးလေးပြီပြီချွဲနေသည်။မိမိမှာငယ်စဉ်တည်းကတခြားကလေးတွေလို မဟုတ်၊ ကျောင်းစာအပြင် တခြားလေ့ကျင့်ခန်းတွေနှင့်ဘာသာရပ်အပိုတွေကိုပါသင်ကြားရသည်။ ထို့ကြောင့်ပဲမိမိမှာတခြားကလေးတွေထက် ပိုမိုထက်မြတ်ကြောင်း အဖေကအမြဲပြောသည်။
"သားသွားနားတော့ တီချယ်တို့ဒီသင်ခန်းစာကပြီးပြီ"
"ဟုတ်ကဲ့၊ ကဲDady၊ တီချယ် သားသွားနားတော့မယ်"
" သားခဏ၊Dadyပြောစရာရှိလို့၊ မနက်ဖြန်Dadyတို့နိုင်ငံကcompanyတွေစုဝေးပြီး အစည်းအဝေးကြီးတစ်ခုကျင်းပမှာ အဲ့မှာDadyတို့companyရဲ့ပြိုင်ဘက်companyရဲ့ CEOကသူ့သားကိုအဲ့ပွဲမှာ တခြားCEOတွေနဲ့မိတ်ဆက်ပေးမှာ၊ Dadyငြိမ်မနေနိုင်ဘူး သားပါDadyနဲ့လိုက်ခဲ့ရမယ်၊"
"ဟုတ်ကဲ့Dady၊သားအဆင်သင့်ပြင်ထားလိုက်ပါ့မယ်"
Jin inside~~~~
Dadyကတော့ငါ့ကိုသူရဲ့ပြိုင်ပွဲမှာဝင်ပြိုင်ခိုင်းနေပြီ။ ငါမလိုက်ချင်ဘူး။ မနက်ဖြန်yoongiနဲ့အပြင်သွားပါမယ်ဆိုမှပဲ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'ဒေါက်~~ဒေါက်~~~'"ဝင်ခဲ့ပါ တံခါးဖွင့်ထားတယ်"
"သားNamjoon၊ မအိပ်သေးဘူးလား၊ စာဖတ်ဖတ်နေပြန်ပြီလား၊ဒီတစ်ခါလည်းRomeoနဲ့Julietပဲမှတ်လား"
Namjoonပါးပေါ်ကပါးချိုင့်ကြီးထင်းနေအောင်းပြုံးပြပြီး
"ဟုတ်တယ်Dady၊သားကိုဘာခိုင်းမလို့လည်း"
"မခိုင်းပါဘူး၊မနက်ဖြန်အတွက်အဆင်သင့်ဖြစ်ပြီလားလို့လာမေးတာ"
"ဟုတ်၊Dady"
" သား၊ တွေ့သမျှလူနဲ့မိတ်ဖွဲ့ပြီးခင်ခင်မင်မင်နေလို့ရတယ်၊ဒါပေမယ့် Kim NamJungနဲ့သူ့သားကိုတော့မတိထား၊သူတို့ကDadyတို့ရဲ့ရန်သူတွေ"
"ဟုတ်ကဲ့"
အဖေဖြစ်သူကပြောချင်ရာပြောပြီးထွက်သွားသောသောအခါNamjoon Googleမှာ Kim Namjungနှင့်သူ၏သားအကြောင်းကိုရှာဖွေမိသည်။Kim Soekjinတဲ့လား၊ ယောကျာ်လေးတစ်ယောက်ကိုလှတယ်လို့သုံးတာအဆင်မပြေပေမယ့် သူကတကယ်လှတဲ့ကောင်လေးပဲ ရန်သူရဲ့သားဆိုပေမယ့် ကျွန်တော်အဲ့ကောင်လေးနဲ့ရင်းနှီးချင်တာတော့အမှန်တရားပင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အနီရောင်ကော်ဇောဆီသို့ ဆိုက်ရောက်လာသောခန့်ညားထည်ဝါသော အနက်ရောင်ကားကြီးတစ်စီး ကားတံခါးဖွင့်သည်နှင့် သတင်းထောက်များလက်ထဲမှ အစဉ်သင့်ချိန်ပြီးသားဖြစ်သော cameraများအရောင်လက်လာသည် ရုတ်တရက်ကားထဲမှထွက်လာကာ သတင်းထောက်များရဲ့ cameraရှေ့မှာဓာတ်ပုံရိုက်ခံနေသော ထိုကောင်လေး၊ အဲ့ကောင်လေးကိုNamjoonစမြင်တည်းကမြတ်နိုးမိသည်။ ငေးကြည့်လိုက်တိုင်း လှပသောမျက်နှာလေး၊ ယောကျာ်လေးတစ်ယောက်ကိုပထမဆုံးလှသည်ဟု မြင်မိချင်းပင်၊ Namjoonစဉ်းစားမိသည် အလှလွန်းပါသည်ဟူသော မိန်းကလေးများသည်၊ Kim Soekjinဆိုတဲ့ထိုကောင်လေးလောက်လှနိုင်လို့လား?
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Readerတို့ရေ part-1လေးကတော့နည်းနည်းတိုသွားတယ်နော်
မင်မင်ရေးတာအဆင်ပြေရဲ့လား? ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။
Readerတို့ကမင်မင်ရဲ့ အားဆေးလေးတွေပါ။
YOU ARE READING
Story Of Romeo And Juliet [Complete]
FanfictionJoon မင်းပြောတဲ့Romeoနဲ့Julietရဲ့ ဇာတ်လမ်းလိုငါတို့ရဲ့ဇာတ်လမ်းကို အဆုံးမသတ်လိုက်ပါနဲ့ ငါတို့ကပိုကောင်းတဲ့အဆုံးသတ် ကိုရနိုင်သေးတာမို့လို့။