" Kim Namjoon!" Jin Namjoonကိုတွန်းထုတ်လိုက်သည်။
"ခင်ဗျား၊ ~~ဒီကိုဘာလာလုပ်တာလည်း? အရေးမကြီးရင်ပြန်တော့"
"ဒါကမင်း ရှက်သွားတဲ့ပုံပေါ့၊ ချစ်ဖို့ကောင်းတယ်၊"
"ခုဏကကိစ္စကိုမဖြစ်ခဲ့ဘူးလို့သတ်မှတ်ပေးမှာမို့၊ ပြန်တော့၊ "
"Kim Soekjin၊ငါမင်းကိုချစ်တယ်"
"..............."
"Soekjin၊ မင်းရော ငါ့ကိုချစ်လား ငါ့ကိုပြန်ဖြေဦး"
"Namjoon၊ မင်းအရူးမထစမ်းပါနဲ့၊ ငါတို့ နှစ်ယောက် သူငယ်ချင်းကောင်းတွေတောင်မဖြစ်နိုင်ဘူး၊ ငါတို့ကရန်ဘက်တွေလေ"
"မင်းကငါ့ကိုရန်သူလို့သတ်မှတ်ထားလို့လား Jin?"
" ငါသာမင်းကိုရန်သူလို့သတ်မှတ်ထားရင် မင်းဒီနေရာမှာရှိနေစရာကြောင်းကိုမရှိဘူး၊"
"မင်းငါ့ကိုမုန်းလား Jin?"
" ဟင့်အင်း"
"ဒါအဖြေပဲလေ၊ အဓိကမင်းနဲ့ငါကချစ်နေဖို့ပဲလေ၊
"ချစ်နေယုံနဲ့လုံလောက်မယ်ထင်နေလား?၊ ငါတို့ကချစ်နေယုံနဲ့ပဲကျေနပ်နေရမှာလား"
မျက်ရည်များဝဲလာသောJinကိုNamjoonရင်ခွင်ထဲသိမ်းကြုံးထည့်ထားလိုက်သည်။ Namjoonထက်အကောင်သေးတယ်ထင်ရပေမယ့်၊ တကယ်တမ်းကျ Jinရဲ့ပခုံးများသည်Namjoonထက်ပင်ကျယ်ပါသေးသည်။
"မင်းကြောက်နေတယ်မှတ်လား၊ ငါတို့ချစ်လျှက်နဲ့ဝေးသွားမှာကို"
"ကြောက်တယ်ဆိုတာထက်၊ဖြစ်လာမယ့်ကံတရားကိုငါရင်မဆိုင်ရဲဘူး၊ ငါတို့ကို Dadyကသဘောတူမယ်ထင်လား?"
"ကိုယ်တို့ကိုမရရအောင်ခွဲမှာပေါ့၊ Jin မင်းကိုယ့်ကိုဘယ်လောက်ထိချစ်လည်း၊"
ဒီမေးခွန်းကိုမေးထားရမည်။ လိုအပ်လျှင်နှစ်ယောက်လုံး Romeoနဲ့ Juliet ဇာတ်ခင်းရအောင်လို့ပါ။ ငါတို့ရှေ့ဆက်တိုးမယ်ဆိုရင် အဆုံးဖြတ်ကနှစ်ခုပဲရှိတယ် Jin။
"ပြောမပြတတ်လောက်အောင်ချစ်တယ်Joon!၊"
"ကိုယ့်ရဲ့Jinလေး၊ ကိုယ်ရဲ့ရင်နစ်အောင်ချစ်ရသူလေး၊ ချစ်တယ်၊ ထာဝရ!"
YOU ARE READING
Story Of Romeo And Juliet [Complete]
FanfictionJoon မင်းပြောတဲ့Romeoနဲ့Julietရဲ့ ဇာတ်လမ်းလိုငါတို့ရဲ့ဇာတ်လမ်းကို အဆုံးမသတ်လိုက်ပါနဲ့ ငါတို့ကပိုကောင်းတဲ့အဆုံးသတ် ကိုရနိုင်သေးတာမို့လို့။