Part-7

249 30 2
                                    

"ဟင်၊ Dady!"

"သားJin၊ လာ သားလေးပင်ပန်းနေပြီလား"
Jin သူ့အဖေကိုမြင်သည်နှင့် သူ့လက်ကိုတွဲထားတဲ့ Namjoonကဲ့လက်ကိုဖြုတ်လိုက်သည်။

"Dadyသားကိုလာကြိုတာလား?"

"ဒါပေါ့ Dadyရဲ့မင်းသားလေးကိုလာကြိုတာ၊"

"Dadyကလည်းအပင်ပန်းခံပြီးလာကြိုနေသေးတယ်၊သားဘာသာ Jiminနဲ့တူတူပြန်လာမှာပေါ့၊"

"Dadyကသားကိုလာကြိုချင်လို့ပါ၊ လာသားပြန်ရအောင်"

"ခဏလေးDadyသားJiminကိုသွားနှုတ်ဆက်လိုက်ဦးမယ်"
Jin jiminကိုနှုတ်ဆက်ချင်တာထက်၊ Jiminဘေးနားမှာရပ်နေတဲ့Namjoonကိုနှုတ်ဆက်ချင်တာကြောင့်Dadyဆီကနေပြန်လာခဲ့ချင်းဖြစ်သည်။

"Jimin ၊Dadyလာခေါ်နေပြီ၊ ပြန်တော့မယ် နောက်နေ့မှတွေ့ကြတာပေါ့"

" အေးသွားလေ၊ ငါတို့လည်းအိမ်ပြန်တော့မှာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"သား၊ Jiminနဲ့Namjoonနဲ့ကဘယ်လိုသိတာလည်း"

"အော် သူ့ဘေးမှာရပ်နေတဲ့ အသားဖြူဖြူနဲ့တစ်ယောက်ကိုတွေ့တယ်မှတ်လား၊ သူကJiminရဲ့ကောင်လေးလေ၊ Sugaတဲ့NamjoonကSugaရဲ့သူငယ်ချင်းလေ၊ "

" Namjoonနဲ့ဝေးဝေးနေ!"

"ဟုတ်ကဲ့ပါDadyရဲ့သားသိပါတယ်"
ခွင့်လွှတ်ပါ Dady၊သားဒီတစ်ခုတော့Dadyစကားကိုနားမထောင်နိုင်ဘူး၊ သားလေJoonကိုအရမ်းချစ်တာပဲ။

"Dady၊ Romeoနဲ့Julietအကြောင်းကိုသိလား"

"သိတာပေါ့၊ မင်းရဲ့Mamyကအဲ့ဇာတ်လမ်းကိုအရမ်းသဘောကျတာ၊ ဘာဖြစ်လို့လည်း"

"မဟုတ်ပါဘူး၊ Jiminပြောပြောနေလို့ပါ"

"သားရော သူတို့နှစ်ယောက်ကဲ့ဇာတ်လမ်းကိုသိလား"

"မသိဘူး၊ သားသူတို့အကြောင်းသေချာတော့မကြားဖူးဘူး"

"ဝမ်းနည်းစရာဇာတ်သိမ်းတစ်ခုပဲသား၊ နှစ်ယောက်သားချစ်လျက်နဲ့သေကွဲကွဲခဲ့ကြတာ"

"ဘာကြောင်းသူတို့ဒီလိုသေကွဲကွဲခဲ့ရတာဘာကြောင့်လို့ထင်လည်းDady"

" သူတို့ရဲ့မှားယွင်းမှုကြောင့်ပဲလေ သားငယ်ရဲ့၊ သူတို့သာ ရန်သူတစ်ယောက်ကိုရန်သူတစ်ယောက်ထင်သာပိုမမြင်ခဲ့ရင်၊ ဒီဇာတ်လမ်းကြီးရှိလာစရာကိုမရှိဘူးလေ"

Story Of Romeo And Juliet [Complete]Where stories live. Discover now