3.1.2. Z. Dry and Crisp, savory chicken lickin' flavor

938 92 8
                                    

အဲ့အသံလည်း ထွက်လာရော၊ တစ်ယောက်ယောက်က ချန်လီကောင်းရဲ့ လက်နဲ့ ခြေထောက်တွေကို (လက်ထိပ်)ခတ်လိုက်သည်။

နောက်ပြီးတော့ ချန်လီကောင်းက အခန်းငယ်တစ်ခုထဲကို ပို့ခံလိုက်ရပြီး ကြာပွတ်နဲ့ ရိုက်ခံခဲ့ရသည်။ သူ ရိုက်ခံနေရတုန်းမှာ ချန်လီကောင်းက စိတ်ထဲကနေ သူ့ကိုသူ ပစ်ပစ်နှစ်နှစ်ဝေဖန်ခဲ့သည်။
"ဘယ်သူက မင်းကို ကြက်ကင်လိုချင်တယ်လို့ တောင်းဆိုလို့လဲ? ဘယ်သူက မင်းကို ကြက်ကင်လိုချင်တယ်လို့ တောင်းဆိုလို့လဲ?? ဒီလိုအချိန်မှာ ပြည်ကြီးငါးတောင် ထပ်ပြီး မစားသင့်တော့ဘူး။"

စစ်စတန်: "......" တကယ်ပါပဲ ဒီ host က တော်တာလား!! ညံ့ဖျင်းတာလား!! မသိတော့ဘူး။

အရိုက်ခံရပြီးတော့ လေထဲမှာ တရက်နဲ့ တည ချိတ်ထားခံလိုက်ရသည်။ သူ့သန်မာတဲ့ခန္ဓာကိုယ်ရဲ့ အားသားချက်ကြောင့် ချန်လီကောင်းက သတိလစ် မသွားခဲ့ဘူး။ ဒီဖြစ်စဉ်တစ်လျောက်လုံး တခြားတွေ ဘာမေးမေး တစ်ခွန်းမှ မဟခဲ့ဘူး။

ဆန့်ကျင်ဘက်​အနေနဲ့ သူ့ကို စစ်မေးတဲ့သူသာ ခြေကုန်လက်ပမ်းကျသွားသည်။ သူတို့က သူ့ကို အခန်းထဲ ပိတ်ထားပြီး အနားယူဖို့ ထွက်သွားခဲ့သည်။

အဲ့အချိန်မှာ တံခါးက ပွင့်လာပြီး အန်းချီလူ ဝင်လာခဲ့သည်။ အဲ့အချိန်မှာ ချန်လီကောင်းရဲ့ လက်တွေက မြှောက်ထားပြီး အဝတ်တွေကလည်း ဆုတ်ပြဲနေသည်။ သူရဲ့ ခန္ဓာကိုယ်က ကျာပွတ်ရှိုးရာတွေနဲ့ ဖုံးနေပြီး နာကျင်မှု့ကြောင့် နူတ်ခမ်းတွေက ဖြူဖျော့နေသည်။ သူ့ရဲ့ လှပတဲ့အနီရောင် ဖီးနစ်လို မျက်လုံးတွေကလည်း ရေလိုကြည်လဲ့နေသည်။

အန်းချီလူက ကျာပွတ်နဲ့ ချန်လီကောင်းရဲ့ မျက်နှာကို ပင့်လိုက်ပြီး ရယ်မောကာ ပြောခဲ့သည်။
"အကယ်၍ ဗိုလ်ချုပ်ကြီးလုသာ alpha မဟုတ်ခဲ့ရင် ကျွန်တော်တော့ ဗိုလ်ချုပ် ဆွဲဆောင်တာခံရမှာ စိုးမိပါရဲ့။"

ချန်လီကောင်း နူတ်ခမ်းကို စေ့ပြီး ဘာမှ မပြောခဲ့ဘူး။

အန်းချီလူက ရယ်ကာ ပြောခဲ့သာ်။
"ခများ အယုံကြည်ရဆုံးလူက သစ္စာဖောက်တာ ခံလိုက်ရတာ ဘယ်လိုလဲ?"

Perfect Destiny ( Myanmar Translation)Where stories live. Discover now