3.2.2. Z. The person who likes me is a good person

2.3K 129 10
                                    


ချန်လီကောင်းက စစ်စတန်ကို ခါးသီးစွာ ငိုကြွေးခဲ့သည်။
"ငါ transgender မဖြစ်ချင်ဘူး!!"

စစ်စတန်: "......" ငါလည်း မင်းကို transgender မဖြစ်စေချင်ပါဘူး။

ချန်လီကောင်း:" ငါ ကလေးမမွေးချင်ဘူး———"

စစ်စတန်: "......" ငါလည်း မင်းကို ကလေးမမွေးစေချင်ပါဘူး။

ချန်လီကောင်း: "ဝူးဝူးဝူးဝူးးး တုံတုံ ငါ ဒါကို လက်မခံနိုင်ဘူး။ အဲ့ဒါ မင်းရဲ့ အပြစ်ပဲ။ အဲ့ဒါ မင်းအပြစ်။ "

စစ်စတန်: "......" အသိအသာကိုပဲ၊ အဲ့ဒီ သောက်စုတ်တံသေတ္တာကို ရချင်တဲ့ မင်းရဲ့ အပြစ်။

ချတ်လီကောင်း မျက်ရည်တွေကျလာသည်။ သူ့မူရင်းကမ္ဘာမှာတုန်းက၊ သူက တစ်စုံတစ်ယောက်ကို ချစ်မိခဲ့ပြီး၊ သူသာ မိန်းမတစ်ယောက်ဖြစ်ရင် ထိုသူ့ရဲ့ သင့်တော်တဲ့ လက်တွဲဖော်ဖြစ်လာနိုင်မယ်ဆိုတဲ့ အတွေးမျိုးလည်း မတွေးဖူးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတိတ်ကို ပြန်တွေးရရင် သူ တကယ်ပဲ သူ့လိင်အမျိုးအစားကို မပြောင်းချင်ခဲ့ဘူး။ သူက ယောကျာ်းတစ်ယောက်ပဲ ဖြစ်ချင်နေတုန်းပဲ။

စစ်စတန်က ခဏလောက်တိတ်သွားပြီးနောက် ပြောခဲ့သည်။
"ဒါဆို မင်း လွတ်မြောက်ဖို့ နည်းတွေ ရှာဖို့ လိုတယ်။"

ချီလီကောင်းရဲ့ မျက်လုံးက မျက်ရည်တွေ ပြည့်သွားသည်။
"ဘယ်လိုလွတ်အောင် လုပ်ရမှာလဲ?"

စစ်စတန်က တခဏလောက် စဉ်းစားခဲ့ပေမယ့်၊ အားကိုးရလောက်တဲ့ နည်းလမ်းမျို ထွက်လာမယ့်ပုံလည်း မပေါ်ပါဘူး။ သူက တုန့်ဆိုင်းသွားပြီးတော့ ပြောခဲ့သည်။
"ဒီလိုဆိုရင်......"

ချန်လီကောင်း: "ငါ ကိုယ့်ကိုကိုယ် သတ်သေဖို့ ငြင်းတယ်။"

စစ်စတန်: "ဒါဆိုလည်း ငါ ခန့်မှန်းသလို မင်းရဲ့ လိင်အမျိုးအစားပြောင်းဖို့ စောင့်နေလိုက်ရုံပေါ့။"

ချန်လီကောင်း သူ့ရဲ့ အနာဂတ်အတွက် တွေးပူနေသလိုကို အဆက်မပြတ်ငိုညည်းနေခဲ့သည်။ သူက ခါးသီးစွာ ငိုကြွေးလွန်းလို့ စစ်စတန်ရဲ့ ခေါင်းက စတင်နာကျင်လာပြီး နောက်ဆုံးမှာ ပြောခဲ့သည်။
"ဒီမှာက လိင်ပြောင်းလဲတဲ့အခါ အဖြတ်မခံရပါဘူး။"
ချန်လီကောင်း: "အာ့က အဖြတ်မခံရဘူး?"

You've reached the end of published parts.

⏰ Last updated: Jan 27, 2021 ⏰

Add this story to your Library to get notified about new parts!

Perfect Destiny ( Myanmar Translation)Where stories live. Discover now