"အာ မွှေးလိုက်တာ"
ကျွန်တော်က ကော်ဖီသောက်ရတာကြိုက်တယ်။ ကျွန်တော်အားတဲ့အချိန်တိုင်း ကျွန်တော့သူငယ်ချင်းနဲ့အတူ ဒီကော်ဖီဆိုင်လေးဆီလာပြီး စကားပြောဖြစ်တယ်။ကျွန်တော့မှာ မိတ်ဆွေအပေါင်းသင်းရယ်ဆိုလို့ သူတစ်ယောက်ပဲရှိတာ။ကျွန်တော်က အနေအေးတယ်လေ။ပြီးတော့ လူလည်းကြောက်တတ်တယ်။ ကျွန်တော်မှာ သူငယ်ချင်းမရှိတာက ကျွန်တော်လူကြောက်တတ်လို့ချည်းပဲတော့ မဟုတ်ဘူး။ ကျောင်းတက်ရက်နည်းတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကျွန်တော့အသက်၈နှစ်ကနေ၁၅နှစ်အထိ ကျွန်တော့မှာသူငယ်ချင်းမရှိခဲ့ဘူး။ ကျွန်တော့အဖေကစီးပွားရေးသမားဆိုတော့ အလုပ်များတယ်။ အလုပ်များတဲ့ကျွန်တော့ အဖေက ကျန်းမာရေးခြူခြာတဲ့ကျွန်တော့ကို သိပ်ဂရုစိုက်မနိုင်ဘူးလေ။ ဒါကြောင့်လည်း ကျောင်းပျက်ရက်များတာပေါ့။ ကျောင်းတက်တဲ့နေ့တွေမှာလည်း ကျွန်တော်က အခြားကျောင်းသားကျောင်းသူတွေလို စာသင်ခန်းမှာမသင်ရဘဲ ဆရာခန်းမှာပဲသင်ရတယ်။ ကျောင်းပျက်ရက်များထားတော့ တခြားကျောင်းသားကျောင်းသူတွေနဲ့ တူတူသင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော်အထက်တန်းပထမနှစ်လည်းရောက်ရော အခြားသူတွေနည်းတူကျောင်းတက်လို့ရခဲ့တယ်။■ဘာရမ်းအထက်တန်းကျောင်း၊ကျောင်းဖွင့်ပြီး၅ရက်မြောက်နေ့၊အခန်းနံပါတ်(၁)....................
"ကဲ ကလေးတို့ရေ သူကဆရာမတို့အတန်း မှာစာသင်မယ့် ကျောင်းသားသစ်ပဲ"ထုံးစံအတိုင်းကျောင်းမဖွင့်ခင်နှစ်ပတ်အလိုမှာဖျားတော့ ကျောင်းတက်ရက်နောက်ကျရတာပေါ့။ ကျွန်တော်စာသင်ရမယ့်အခန်းက အတန်းပိုင်နာမည်က Bae Seo Yong။ ဆရာမက သူမရဲ့ကျောင်းသားကျောင်းသူတွေနဲ့ကျွန်တော့ကိုမိတ်ဆတ်ပေးနေတယ်။ သူမကသဘောကောင်းမယ့် ပုံပေါ်တယ်။ သူမကမိတ်ဆတ်ပေးပြီး ကျွန်တော့ဘက်လှည့်ကာခေါင်းငြိမ့်ပြတယ်။ ဆိုလိုတာက ကျွန်တော်ကိုယ်တိုင် မိတ်ဆက်ရတော့မယ့်သဘောပေါ့။
"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့နာမည်က na jaeminပါ"
" ကဲjaemin လွတ်တဲ့နေရာဝင်ထိုင်လိုက်ပါ။"
YOU ARE READING
LOVE SECRETLY (တိတ်တဆိတ် ချစ်နေမယ်)
FanfictionI fall in love with my crush's crush