Chapter (5)

34 4 0
                                    

"Lee Jeno!"
...

"Lee Jeno!"
...

"Yah Lee Jeno!"

တစ်စုံတစ်​ယောက်၏ ​အော်​ခေါ်သံက အလှမ်း​ဝေး​ဝေး​နေရာတစ်ခုက ခပ်သဲ့သဲ့ကြားရတာမျိုး မဟုတ်ပဲ တဖြည်း"ပို၍ နီးကပ်လာ၏။

"Lee Jeno ​ဟေ့​ရောင် ငါ​ခေါ်​နေတယ်​လေ။ Lee Jeno မင်း​တော်ရုံတန်ရုံပဲ​ကောင်းတယ်​​နော်"

​ခေါ်​နေတဲ့သူရဲ့အသံကား အနည်းငယ်စိတ်မရှည်ပုံ​ပေါက်​နေ​လေ၏။ ဒီ​နေရာမှာLee Jenoအမည်ရှိတဲ့ လူတစ်​ယောက်" ရှိ​နေရင် အလျှင်အမြန်ပြန်ထူးသင့်​နေပြီ။ ခုနကလူလည်​ခေါင်ကြီးမှာဖြစ်တဲ့ ရန်ပွဲတစ်ပွဲကြားထားရပြီဖြစ်၍ ​နောက်ထပ်တစ်ပွဲကို​တော့ မကြားချင်​တော့။ ​အ​ခေါ်ခံရတဲ့သူနာမည်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် မိမိ၏chrushရဲ့ crushနာမည်နဲ့ တူ​နေ၍ အနည်းငယ်ပြုံးမိ၏။

"မင်းကြားရက်နဲ့ မသိချင်​ယောင်​ဆောင်​နေတာမလား"

ရုတ်တရပ် အ​နောက်က​နေ အကြမ်းပတမ်းဆွဲလှည့်ခံရမှု​ကြောင့် Jaeminခဗျာ ယခုမျက်နှာချင်းဆိုင်တွင်ရှိ​နေသူအား ကြောင်​တောင်​တောင်ကြီး ကြည့်​နေမိ၏။
ထိုသူသည်လည်း မိမိမှာ သူ​ခေါ်လိုတဲ့သူ မဟုတ်မှန်း သိသွား၍ မျက်နှာက အနည်းငယ်ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံပင်။

"အာ...လူမှားသွားတာပဲ"

"ဟုတ် ကျ​တော်က နာဂျယ်မင်းပါဗျ"

"အင်္ကျီက ဆင်​တူဖြစ်နေ​တော့ အ​ဝေးကကြည့်ရင် ကျ​တော့အသိတစ်​ယောက်နဲ့ တူ​နေလို့ပါဗျ။ စိတ်မရှိပါနဲ့​​နော်"

လူမှား​ခေါ်မိ​သော ထိုသူမှာ အရှက်​ပြေရီပြ၍ ထွက်သွားမည်အပြု jaeminက လက်ကိုဖမ်းဆွဲကာ ​​ခေါင်းထဲတွင်​ နာမည်​ခေါ်သံကို စကြားစဥ်ကတည်းက ပေါ်လာ​သော ​မေးခွန်းအား​မေးလိုက်၏။

"ခင်ဗျား​​အော်​ခေါ်​နေတဲ့ Lee Jenoက dreamအထက်တန်း​​ကျောင်းက lee jenoပဲလားဟင်"

"ဟင်.. မင်းက Jenoနဲ့သိတာလား"

"Jenoနဲ့သိတယ်ဆိုတာထက် ဒီတိုင်းjenoကိုသိတယ်​ပြောရမလား။ တစ်​​ကျောင်းထဲတူတူတက်​နေတဲ့အပြင် တစ်ခန်းထဲ တူတူထိုင်​နေတဲ့ အခန်း​ဖော်လည်း ဖြစ်​တော့​လေ"

You've reached the end of published parts.

⏰ Last updated: Aug 06 ⏰

Add this story to your Library to get notified about new parts!

LOVE SECRETLY (တိတ်တဆိတ် ချစ်​နေမယ်)Where stories live. Discover now