ကျမ သူမကို မုန်းနေခဲ့တာ
သူမကို တခါမှ မမြင်ဖူးခဲ့ပါပဲ
သူမပုံစံ သူမရဲ့စိတ်ထားက ဘယ်လိုဆိုတာလည်း
မသိခဲ့ပါပဲ
သူမအကြောင်းကို တခြားသူဆီက သိရရုံနဲ့
မုန်းနေခဲ့မိတာ
မုန်းတယ်လို့ပဲ ယူဆထားခဲ့တာပေါ့
သူမဆိုတာက ကျမရဲ့ step-sister
အဖေ့နောက်မိန်းမရဲ့သမီး
ကျမတို့တွေ ဆုံဖို့ဖြစ်လာခဲ့တာက နွေရာသီကျောင်းပိတ်ရက်တခုမှာ
ငယ်ငယ်ကတည်းက ခရီးသွားရတာကို သဘောကျတဲ့ကျမက ခရီးသွားချင်တဲ့အကြောင်းပြချက်နဲ့ပဲ
သူမတို့အိမ်ကို အလည်သွားခဲ့တယ်
သူမတို့အိမ်က ရခိုင်နဲ့ပိုနီးတဲ့ မင်းဘူးဘက်မှာ
သူမတို့အနားမှာ ဘေးမဲ့သစ်တောရှိခြင်းက
ကျမကို အရောက်သွားဖို့ ဆွဲဆောင်နေခဲ့တာ
ဒါပေမယ့် ကျမ သူမကို မုန်းနေခဲ့ပါတယ်မကွေးကားဂိတ်မှာ ဆင်းတော့ ကျမအဖေက
လာကြိုခဲ့တယ်
အဖေ့နောက်နားမှာ ရပ်နေတဲ့ မိန်းမပျိုတယောက်
ကျမရဲ့ step-mother လား
သူမကိုကြည့်ရတာ ငယ်သေးတဲ့ပုံပါပဲ
ကျမရဲ့သိချင်စိတ်ကို ရိပ်မိတဲ့အလား
အဖေက"သမီးရဲ့မမလေ နာမည်က ဖြူတဲ့"
ကျမမုန်းနေခဲ့တာက သူမလား
ကျမကို ရွှန်းစိုတဲ့မျက်ဝန်းတွေနဲ့ နွေးထွေးစွာပြုံးပြနေတဲ့သူမက ကျမရဲ့အတွေးထဲက ပုံရိပ်ကို
ဖျက်ဆီးနေတယ်"ဟုတ်ကဲ့"
ကျမ သူမကို ပြန်ပြီး ပြုံးမပြခဲ့မိဘူး
ကျမက အချေမဟုတ်လား
ကျမရဲ့အတွေးတွေက ကျမကို နှိပ်စက်နေလိုက်တာ
ပြီးတော့ ကျမရဲ့စိတ်က ကျမကိုပြန်ပြီး
လှောင်ရယ်နေတဲ့ခံစားမှုက ဘယ်လိုကြီးလဲ
ကျမ သူမကို မုန်းနေခဲ့တာပါသူမက ကျမရဲ့အဝတ်အစားအိတ်ကို ဆွဲယူလိုက်တယ်
"ဟို ရပါတယ် ညီမနိုင်တယ်"
ကျမပြန်ဆွဲယူဖို့ လုပ်တော့ သူမက အနောက်ကို
ဆုတ်လိုက်တယ်"ရပါတယ် ကလေးရဲ့ အမတယောက်အနေနဲ့
ဒီလောက်တော့ လုပ်ပေးသင့်တယ်မဟုတ်လား"
"ဝတ္တရားအရ လုပ်တာမျိုးကို ညီမ မကြိုက်ဘူး"
"ကိုယ်ကလည်း စိတ်ဆန္ဒမပါပဲ ဘာမှမလုပ်တတ်ဘူး ကလေးရဲ့"သူမက ပြုံးရယ်ပြီး ပြန်ပြောလာတယ်
ကျေးဇူးပြုပြီး အဲ့လိုခဏခဏမပြုံးပြပါနဲ့လား
ကျမ ရှင့်ကို မုန်းနေခဲ့တာ
သူမရဲ့အပြုံးက ကျမနဲ့မထိုက်တန်ဘူးရယ်လို့
ဘာလို့တွေးနေမိခဲ့တာလဲ
YOU ARE READING
*step-sister*(complete)