"မာန် နင်တကယ်ကလေးမလိုချင်ဘူးလား"
"ငါ့အကြောင်းကို သိနေသားနဲ့ လီယာရယ်"လီယာဆိုတာက ကျမရဲ့အချစ်ဆုံးသူငယ်ချင်း
ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့ပေမယ့် အရွယ်ရောက်လာတော့ သူမမိဘတွေရှိရာ
နိုင်ငံခြားကို ပြောင်းသွားခဲ့တာ
အခုပြန်ရောက်လာခဲ့တာ သိပ်တော့မကြာသေးဘူး
ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သလို
လုပ်ငန်းပါတနာလည်း ဖြစ်ပြန်တယ်
ကျမတို့နှစ်ယောက် ကော်ဖီဆိုင်လေးတဆိုင်
စပ်တူဖွင့်ထားခဲ့ပြီး ကော်ဖီလုပ်ငန်းလေးတခုလည်း အစပြုခဲ့ကြတယ်
အခုဆို တော်တော်လေးလည်း ခရီးရောက်နေခဲ့ပါပြီ
လီယာက မမကို အပြင်မှာ မမြင်ဖူးသေးဘူး
ကျမလက်ထပ်တော့ သူမကို အသိပေးပေမယ့်
သူမလာလို့မရတာနဲ့ပဲ
လီယာ့အကြောင်းကို မမလည်းမသိခဲ့ဘူး"နင်အခုထိ အဲ့ဒီစိတ်ဒဏ်ရာက မပျောက်သေးဘူးလား မာန်ရယ်"
"စိတ်ဒဏ်ရာဆိုတာ autoimmune ရောဂါတခုလိုပဲ လီယာရဲ့ ထိန်းထားလို့ပဲရတာ ပျောက်သွားအောင်လုပ်လို့မရဘူး ထိန်းထားတဲ့ကြားက
တခါတခါမှာ ကျွံထွက်လာတတ်တယ်လေ
ပြီးတော့ ငါမုန်းတဲ့မိဘပုံစံမျိုး ငါကိုယ်တိုင်ဖြစ်လာမှာကို စိုးရိမ်တယ်
ငါ့ကိုယ်ထဲမှာ အဲ့ဒီမျိုးရိုးဗီဇက ပါနေခဲ့တယ်မဟုတ်လား ငါသိပ်ချစ်တဲ့ မမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တာပေါ့ မမရဲ့ရင်သွေးလေးကိုလည်း ရချင်တယ် ဒါပေမယ့် ငါ့ကိုယ်ငါ
ယုံကြည်ချက်မရှိဘူး မိဘတယောက်မဖြစ်ချင်ဘူး လီယာရယ်"
"ငါနင့်ကို ထားခဲ့မိတာ မှားပြီလားမာန်ရယ်
နင်တယောက်တည်း ဘယ်လောက်တောင်နာကျင်နေခဲ့မလဲ"
"နင့်အပြစ်မှ မဟုတ်တာပဲဟာ အခုဆို
ငါခံနိုင်ရည်ရှိနေပါပြီ အရင်လို ကိုယ့်ကိုယ်ကိုလည်း မမုန်းတော့ဘူး ငါပျော်ရွှင်တတ်နေပါပြီ
ပြီးတော့ မမက ငါ့ဘဝကို အဓိပ္ပါယ်ရှိစေပြီးတော့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးတယ်လေ"
"အဲ့တာနဲ့တောင် ဘာလို့လမ်းခွဲလိုက်တာလဲ"
"မမကို ပိုပြီးပျော်ရွှင်စေချင်လို့"
"ရူးတာပဲနော် အခုရော ပျော်ရွှင်နေမယ်ထင်လား"
"မပြောတတ်ဘူးလေ"လီယာက ကျမခေါင်းကို ခပ်ဖွဖွလာထုတယ်
ကျမကို နားအလည်နိုင်ဆုံးသော လူသားလေး
ဘယ်သူမှမသိတဲ့ ကျမရဲ့လျှို့ဝှက်ချက်တွေကိုတောင် သိမ်းဆည်းထားပေးတဲ့သေတ္တာငယ်လေးလို
ကျမအတွက် guiding light တခုလို
ကျမရဲ့နေ့ရက်တွေကို နွေးထွေးခြင်းတွေနဲ့
ပြည့်စုံစေတဲ့သူမျိုး
ကျမလည်း သိပ်ချစ်ရပါတယ်
အရောင်ကင်းမဲ့တဲ့မေတ္တာနဲ့
KAMU SEDANG MEMBACA
*step-sister*(complete)