ကျမနာမည်က ဖြူပါ
ကျမကို အမေက single mother အဖြစ်နဲ့
ပြုစုပျိုးထောင်ခဲ့ပေမယ့် ကျမကျောင်းပြီးတဲ့အချိန်မှာ နောက်အိမ်ထောင်ပြုခဲ့တယ်
အမေယူတဲ့ယောက်ျားကလည်း အိမ်ထောင်နဲ့
ကလေးတယောက်လည်း ရှိတယ်တဲ့လေ
ကျမအဖေရဲ့နေရာမှာ အစားမထိုးချင်တာရော
ဟိုကလေးအတွက် သနားမိတာရော
ကျမရဲ့ step-father အပေါ်မှာ အမြင်မကြည်ခဲ့ဘူး
တကယ်တော့ step-father က မကောင်းတဲ့လူတယောက်တော့ မဟုတ်ပါဘူး
သူ့ကလေးကိုတော့ တကယ်ချစ်တဲ့သူတယောက်ပါ
လူကြီးတွေရဲ့အိမ်ထောင်ရေးပြဿနာကို
ကျမနားမလည်နိုင်ခဲ့ဘူး
ကျမရဲ့အတ္တက နားလည်မပေးချင်ခဲ့တာ
ဖြစ်မယ်ကျမရဲ့ step-father က အမေ့ကို သူ့ကလေးအကြောင်း အမြဲပြောပြတတ်တယ်
ကျမလည်း တကူးတကနားမထောင်ပါပဲ
တအိမ်တည်းအတူနေတာဆိုတော့ ကြားနေရတယ်
ကလေးက သိပ်တော်တာတဲ့
ခရီးသွားရတာကို သိပ်ကြိုက်ပြီးတော့
တယောက်တည်းနေတတ်တဲ့အကြောင်းတွေ
ဘယ်သူမှသင်ပေးစရာမလိုပဲနဲ့ အရာရာကို
စမ်းသပ်တတ်တဲ့အကြောင်းတွေ
ကလေးက စပ်စုစိန်လေးဖြစ်မယ်
ပြီးတော့ မာနကလည်း ကြီးသေးတယ်တဲ့ကလေးရဲ့အကြောင်းတွေ စကြားကတည်းက
ကျမ ကလေးအပေါ်မှာ ချစ်ခင်စိတ်ဖြစ်မိတယ်
ရှေးရေစက်ကြောင့်ဖြစ်မယ်
ကလေးရဲ့ဓာတ်ပုံလေးတွေမြင်တော့လည်း
ပိုချစ်မိတာပါပဲ
အပြစ်ကင်းပြီး ရိုးသားခြင်းက သူမလေးရဲ့မျက်နှာမှာ ပေါ်နေတာ
မျက်ခုံးမွှေးထူထူလေးတွေနဲ့ ချစ်ဖို့ကောင်းလိုက်တာလေ
မြင်မြင်ချင်းပဲ မေတ္တာသက်ဝင်မိသလိုမျိုး
ကလေးကတော့ ကျမကို မမြင်ဖူးပါပဲ
မုန်းနေခဲ့ပါသတဲ့
အကြောင်းပြချက်က သူမရဲ့အဖေကို
အမြင်မကြည်လို့ပါတဲ့လေ
ဘယ်လောက်တောင် ကလေးဆန်လိုက်လဲ
ကျမစိတ်ထဲ အနည်းငယ်တော့ ဝမ်းနည်းပေမယ့်
ဆုံးဖြတ်ချက်ချလိုက်ပါတယ်
ကျမကို ကလေးချစ်လာရမယ်ဆိုပြီးတော့ကျမတို့အိမ်ကို ကလေးအလည်လာမယ်ပြောတော့ ကျမမှာ သိပ်ပျော်လိုက်တာ
သူမရောက်မယ့်နေ့ကဆို အိပ်လို့တောင်
မပျော်ခဲ့ဘူး
ဒါကြောင့်ပဲ အစောကြီးထခဲ့တာပေါ့
ကျမရဲ့ step-father က သွားကြိုမယ်ဆိုပေမယ့် ကလေးကို တွေ့ချင်စိတ်က များနေတာနဲ့ပဲ
အနောက်ကနေ လိုက်သွားလိုက်တယ်
YOU ARE READING
*step-sister*(complete)