ရှောင်မင်းကြီးရဲ့ ဧကရီ(ep 11)
'ရွယ်ယမ် ညကြရင် ကောညအိပ်ဆောင်လာခဲ့ ဟူကျိုးအရက်ဝယ်ပါဝယ်လာခဲ့ မမေ့နဲ့နော်'
'ဟာ တကယ်လားကော စိတ်ချ'🌔🌔🌔🌔🌔🌔🌔🌔🌔🌔🌔🌔
ရွှယ်ယန်တယောက် ခိုးကြောင်ခိုးဝှက်နှင့် အိမ်တော်နောက် တံခါးမှ ဝင်ရလေတော့သည်။
နေ့ခင်းဘက်သာ လွတ်လွတ်လပ်လပ်သွားလာလို့ရပေမယ့် ဦးရီတော် အိမ်တော်က ညဆို အပြင်လူမဝင်ရဘူးလေနောက်တံခါးကနေ တိတ်တိတ်လေးဝင်လာရင်း ကောအဆောင်နားရောက်ခံနီးကြတော့ အဆောင်ပြင်မှာ မတ်တပ်ရပ်နေတဲ့သူ
ရွှယ်ယမ်နောက်ကနေ မျက်စီကို လက်နဲ့ အုပ်ပြီး
'ကော ကျွန်တော့ကို စောင့်နေတာလား'
'ဟုတ်တယ် ကောကို လွှတ်ပါဦး ကောရဲ့ တိလေး '
Xy (ဒီနေ့ ကော ဘာဖြစ်နေတာပါလိမ့်
သဘောကောင်းနေပါ့လား)
လက်လည်းလွှတ်လိုက်ရော
'ဟင်မင်းက ဘယ်သူလဲ'
'ခင်ဗျားကရော ဘယ်သူလဲ သူခိုးလား'
'မင်းကမေးရတယ်ရှိသေး ဒါငါ့အိမ်တော်'
'မယုံပါဘူး သူခိုးဘဲနေမှာ'
နှစ်ယောက်စလုံး စကားများရာကနေ
ရန်ဖြစ်တဲ့ဆီရောက်ရော
အဲ့အချိန် ထွက်လာတဲ့ အသံလေးတစ်ခု
'ကောစုန့်လန် ရွှယ်ယမ်တော်တော့ နှစ်ယောက်လုံး ဓါးသိမ်း'
'ကောရှင်းချန် သူကိုသိလို့လား'
'အဲ့တာ ငါ့ရိကော'
'ဟင်ကောရဲ့ အကိုအကြီးပေါ့'
စုန့်လန်တယောက်ရှေ့က နှစ်ယောက် ပွစိပွစိပြောနေရာက စောက စွာစိက သွား၃၂ချောင်း မြင်ရအောင် ရယ်ပြလေသည်မျောက်လောင်းကတော့ ကိုယ့်ကို လာဖက်ကာ
'ကောရာ ကျွန်တော် ဒီနေ့ အရက်သောက်မလို့ တစ်ခါလောက် မသိချင်ယောင်ဆောင်ပေးပါလား သူက ကျွန်တော့ သူငယ်ချင်းပါ မသိလို့ဖြစ်သွားတာ'
လက်ညိုးလေးတစ်ချောင်းထောင်ကာ မျက်နှာငယ်လေးနဲ့ပြောတော့
'ရပါတယ် သူကရော ညပါအိပ်မှာလား မရဘူးနော် သောက်ပြီးရင်ပြန်'
'စိတ်ချပါ ညကျွန်တော်လည်း ပြန်မှာပါ'
'အားရှင်း ကောသွားတော့မယ် ညနက်တဲ့ထိမနေနဲ့နော်'
'ဟုတ်ကော'
ရွှယ်ယမ် စုန့်လန်ရဲ့ မျက်လုံးတွေကို သဘောမကျ ရှင်းချန်ကို ခေါင်းပုတ်သွားတော့ ပိုဆိုး သူသိထားသည်လေ စုန့်လန်က သားအရင်းမဟုတ် ဦးရီးတော်တောကစားထွက်ရင်း ဘေးတွေ့တော့ ကယ်ဘူးတဲ့ စုန့်အိမ်တော်က သားကို ကျေးဇူးကြောင့် မွေးစားထားတယ်ဆိုတာ