Uni
*ကျွန်တော့်ဘဝရဲ့အချစ်ရဆုံးလူ နှစ်ယောက်ရဲ့လက်ထပ်ပွဲမှာ ကျွန်တော်ကဘာလို့ငိုနေရတာလဲ ဟား ဒါ သိပ်ကိုမာယာများတဲ့ ကံတရားရဲ့ရက်စက်မူတွေပဲ..... ကျွန်တော်မုန်းတယ် ဒါပေမဲ့ကျွန်တော်ကဘာကိုမုန်းရမှာလဲ ကံဆိုးလွန်းတဲ့ကျွန်တော့်ရဲ့အချစ်ရေးကိုလား ဒါမှမဟုတ် သူ့ကိုမှချစ်မိနေတဲ့နှလုံးသားကိုလား.... ဒါမှမဟုတ် ကျွန်တော့်နှလုံးသားလေးကိုပိုင်ဆိုင်သွားတဲ့ ကျွန်တော့်အစ်မကိုလား......... *
Jeon အိမ်တော်နှင့် Kim အိမ်တော်နှစ်ခုပေါင်းစည်းကြသည့် ပွဲလေးသညိ လူအများစည်ကားလျက်ရှိသည်.......။သတို့သား သတို့သမီးမှာ ချောမောလွန်းကြသလို ဂုဏ်သရေရှိအသိုင်းအဝိုင်းကလူတွေမို့ လိုက်ဖက်တင့်တယ်စွာ လက်ခုပ်သြဘာသံများစွာ ကောင်းချီးထောပနာမူများစွာ ရရှိကြလေသည်.......။သတို့သားမျက်နှာမှာလဲ အပြုံးလှလှလေးတွေဝေဆာနေသလို သတို့သမျီးလေးမှာလဲ ရှက်ပြုံးလေးနှင့် ချစ်စရာအတိဖြစ်သည်....။
သတို့သား Kim seok jin နဲ့ သတို့သမီး Jeon Hanna တို့ရဲ့ လက်ထပ်ပွဲလေးမှာ လူတွေအကုန်ရီမောပျော်ရွင်နေကြပီး ချောင်ကပ်ငိုနေသော ကောင်လေးမှာ jeon jung kook သာဖြစ်သည်......။
*သားလေးရယ် မငိုပါနဲ့တော့ သားမမက အပီးထွက်သွားတာလဲမဟုတ်ဘူး အိမ်မှာပဲပြန်လာနေမှာကို တိတ်တော့*
*မေမေ့ရဲ့စကားသံကြားရတဲ့အချိန်မှာ ကျွန်တော် မမကိုအားနာတယ် မမကို နာမည်တပ်ပီးကျွန်တော် ကိုကို့အတွက်အားရပါးရငိုနေရလို......*
Jin -ညီ ကိုယ့်ဆီ မင်းအစ်မပေးလိုက်ရလို့ အဲ့လောက်စိတ်မကောင်းဖြစ်နေတာလား မင်းကလဲကလေးကြနေရောပဲ မင်းအစ်မကိုမင်းလဲတစ်ဝက်ပိုင်တယ်ဟုတ်ပီလား
Jk -ဟင့် ဟင့် အီး
*ကျွန်တော် မေးလိုက်ချင်တယ် အစ်ကို့ကိုရောကျွန်တော် တစ်ဝက်ပိုင်လားလို့လေ......*
Hanna -အမလေး ကြည့်ပါဦး ငါ့မောင်လေးကနှာချေးတွေရော မျက်ရည်တွေရော ပုံရိုက်ရင်မလှပဲနေတော့မယ် သွားသွား မြန်မြန်ပြင်
Jin -kookie လေးကချစ်ဖို့ကောင်းပီးသားပါကွာ ကလေးကိုပိုငိုအောင်လို့ ကိုယ့်ညီက ချစ်ဖို့ကောင်းပီးသား
YOU ARE READING
Ready For You To Fall (Jinkook) Completed
Fanfictionတစ်ဖတ်သတ်ဆိုတာ တစ်ဖတ်ကိုသတ်ချင်းတဲ့....ရီရတယ် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုပဲပြန်သတ်ပါတယ်......သူ့အတွက်ဆို သေရရင်တောင်ပျော်နေတဲ့ကောင်မို့လို.....🖤