Ep 9

2.8K 251 10
                                    

Uni

ကုတင်ထက်က အမြွာတူလေးနဲ့တူမလေးကိုကြည့်ပီး jk တစ်ယောက်ရင်ထဲစို့နစ်နေသည်.......။ hyung ကတော့ မနက်ထဲက ဘာစကားမှမဆို.......ဟန်နာ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေလေသည်.......။

Mother -သမီးလေးရယ် အီးဟီး ဖြစ်မှဖြစ်ရလေ......

Doctor- ဒါ လူနာထားခဲ့တာစာပါ လူနာရှင်အမျိုးသားကိုပေးပေးဖို့တောင်းဆိုခဲ့ပါတယ်

အခန်းထဲဝင်လာပီး စာအိတ်လေးပေးလာသော ဆရာဝန်ကို မကြည့်ပဲငေးငေးမိူင်မိူင်ကြီးဖြစ်နေသော hyung ကို jk လက်တို့ပီးအသိပေးရသည်....။

Jk -hyung

Jin -ဟင်

Jk -ဒီမှာ မမပေးခဲ့တာတဲ့

ကမ်းပေးလာသော စာအိတ်လေးတွင် ဟန်နာ့လက်ရေး သော့သော့လေးတွေနှင့်.........

ကိုကိုဖတ်ဖို့

ကိုကို........
                   ကိုကိုအခု ဒီစာဖတ်နေတဲ့အချိန် ဟန်နာ ကိုကို့ဘေးမှာရှိတော့မှာမဟုတ်ဘူး.......... ဟန်နာကိုကို့ရဲ့အဝေးကြီးကိုထွက်သွားရလောက်ပီ ဟန်နာလေ ကိုကိုနဲ့ ကလေးလေးနှစ်ယောက်ကိုမထားခဲ့ချင်ပေမဲ့......ထားခဲ့ပါရစေ ဘာလို့လဲဆို ကိုကို့ဘေးမှာ ကိုကိုသိပ်ချစ်တဲ့ kookie လေးရှိနေမှာလေ ဟုတ်တယ်မလား ကိုကို...ဟန်နာသိခဲ့ပါတယ် ကိုကိုတို့ရဲ့ ထိန်းချုပ်ထားခဲ့ရတဲ့အချစ်တွေ ဒါပေမဲ့ဟန်နာအပစ်မတင်ရက်ပါဘူး ကိုကို့ကိုလေ ဟန်နာသိပ်ချစ်ရတဲ့ကိုကို့ကို ဟန်နာဘယ်တုန်းကမှ အပစ်မတင်ရက်ခဲ့ပါဘူး.......... စချစ်မိထဲက ကိုကိုက ဟန်နာကို တစ်စက်ကလေးမှအရေးမပေးခဲ့တာလဲဟန်နာသိတယ် kookie နဲ့ယှဥ်ရင် ဟန်နာက ကိုကို့အတွက် လက်တစ်ဆစ်လေးလောက်တောင်ဘောင်မဝင်မှန်းလဲ ဟန်နာသိခဲ့တယ် ဒါပေမဲ့ကိုကိုရယ် ဟန်နာမသိသလိုနေခဲ့တယ် ပင်ပန်းတယ်ကိုကို အဲ့လိုနေရတာသိပ်ကိုပင်ပန်းတယ် ဒါပေမဲ့ ညအိပ်ရင် ဟန်နာ့ဘေးမှာကိုကိုရှိနေပီး မနက်နိုးထရင်လဲကိုကို့မျက်နှာကို အရင်ဆုံးမြင်နေရတဲ့အခွင့်အရေးကြောင့် ဟန်နာတင်းခံနိုင်နေခဲ့တယ်.........ပီးတော့ ဟန်နာ အခုဆို ကိုကို့ရင်သွေးလေးမွေးပေးနိုင်ခဲ့သေးတယ် ကိုကိုသိလား ဒီလောကမှာ အချစ်ရူးလွန်းတဲ့လူကိုပြပါဆို ဟန်နာ့ကိုပြကြမယ်ထင်တယ်........ အဲ့နေ့ညကကိုကို ဟန်နာ့ကို kookie လို့ခေါ်ပီး နမ်းခဲ့တာတောင် ဟန်နာပျော်နေမိခဲ့တယ် ကိုကိုတစ်ညလုံး ဟန်နာလို့တစ်ခွန်းတောင်မခေါ်ခဲ့ပဲ kookie ဆိုပီး ထပ်တလဲလဲခေါ်နေတာကိုလဲ ဟန်နာ လျစ်လျူရူခဲ့တယ် ကိုကို ကိုကို့ကိုချစ်လွန်းလို့............ပီးတော့ ဟန်နာကိုကိုရင်သွေးလေးရခဲ့တယ် အဲ့အချိန်လေ ဟန်နာ့လောက်ပျော်တဲ့လူရှိမယ်မထင်ဘူး........ တစ်ချိန်တည်းမှာပဲ အဲ့ကလေးကမွေးလို့မရနိုင်ဘူးပြောခဲ့ပြန်တယ် အကြောင်းက နှလူံးရောဂါအခံရှိတဲ့ဟန်နာအတွက်ခက်ခဲလိမ့်မယ်တဲ့လေ အသက်ပါဆုံးနိုင်တယ်တဲ့ ဟန်နာအစကတော့ကြောက်နေခဲ့တယ်ကိုကို ဟန်နာ ဘာပဲဖြစ်ဖြစ် ဒီကလေးကိုရအောင်မွေးပေးခဲ့မယ်လို့ ဆူံးဖြတ်နိုင်ခဲ့တာကတော့ ဟန်နာ ကလေးရှိပီပြောပီးတဲ့ည မဟုတ်သေးဘူး ပြောပီးနောက်နေ့မနက် ကိုကိုနဲ့မောင်လေးပြောနေကြတဲ့စကားတွေကြောင့်ပဲ....... ကိုကိုက ဟန်နာ့အတွက်တွေးပေးခဲ့တာကြောင့် ဟန်နာတကယ်ပျော်တယ်ကိုကို ပီးတော့ ဟန်နာမကြောက်တော့ဘူး နောက်ပီး ဒီအတောအတွင်း kookie လေးကိုမြင်ရတာဟန်နာလိပ်ပြာမလုံဘူး.... နာကျင်နေပေမဲ့ ပြုံးပြပီးဟန်နာ့ကိုဂရုစိုက်ပေးနေတဲ့ ဟန်နာ့မောင်လေးအတွက် ဟန်နာ ကိုကိုနဲ့သားလေးနဲ့သမိးလေးကို လက်ဆောင်ပေးခဲ့ချင်တယ်........ ဒါတွေကြောင့်ဟန်နာ ဘာကိုမှမကြောက်တော့ဘူး ဟန်နာ့အတွက်တစ်ခုပဲလုပ်ပေးပါ ကိုကို တစ်ခုပါပဲ နောက်ဆုံးအနေနဲ့ ဟနျနာတောငျးဆျိုခဲ့ပါရစေ......သားလေးနဲ့သမီးလေးရဲ့ အုပ်ထိန်းသူနေရာမှာ ကိုကိုနဲ့ kookie လေးပဲဖြစ်နေပါစေ ကိုကို

Ready For You To Fall (Jinkook) CompletedWhere stories live. Discover now