Episode 1 ( Unicode)

22 2 2
                                    

သာသာယာယာရှိတဲ့မနက်ခင်းတစ်ခု...
ကျေးငှက်သံတို့ကငြိမ့်ညောင်းစွာနဲ့ အိမ်ရှေ့လမ်းမပေါ်က ကားကြီးငယ်လတ်တို့ကအရှိန်မှန်မှန်ပြေးလွှားနေကြ... ကျူးကျော်တဲပေါင်းရာကျော်ရှိတဲ့အနက်ခပ်နွဲ့နွဲ့တဲအိမ်လေးထဲမှာ အဖွားအိုတစ်ယောက်ဟာ သေတ္တာလေးတစ်လုံးကိုတုန်တုန်ရီရီဖြင့်ဖွင့်နေရရှာသည်
စရိုက်ဆန်တဲ့ပတ်ဝန်းကျင်ရဲ့ ဆူညံဆဲဆိုမှုတွေနဲ့အတူ အဖွားအိုဖွင့်ထားတဲ့ တရားသံလေးက ခပ်တိုးတိုးလေး.... သေတ္တာအစုတ်လေးထဲက ဓာတ်ပုံခပ်နွမ်းနွမ်းလေးရယ် အမ်ပီတရီး အပျက်လေးရယ်နဲ့ ညစ်ပေနေတဲ့အဖြူရောင်ကအညိုရောင်ပြောင်းလုလုနားကြပ်လေးရယ်က အဖွားအိုကိုမျက်ရည်ဝဲစေတယ် ဓာတ်ပုံလေးကိုတုန်တုန်ရီရီလက်တစ်ဖက်ဖြင့် ပဲ့ကြွေသွားမှာကြောက်သည့်အလား အသာလေးကိုင်ကြည့်နေရှာတယ် ကာလာစုံတွေပျောက်လုနီးဓာတ်ပုံထဲက အပြုံးအရယ်မရှိတဲ့ကောင်မလေးနှစ်ယောက်ဟာ အကြည့်တို့ကတော့စူးရှတောက်ပလို့...
ရင်နာနာနဲ့အဲ့နေ့ရက်တွေပြန်တွေးရမယ်ဆိုရင်ဖြင့်...
အဲ့နေ့ရက်တွေ ပြန် တွေး ရ မယ် ဆို ရင် ဖြင့်. . . .

မိဘမဲ့ကျောင်းလေးတစ်ခုရဲ့ကွင်းပြင်ကျယ်မှာ အော်ဟစ်ပြေးလွှားဆော့ကစားနေတဲ့ ကလေးငယ်တွေရဲ့အသံဟာကျယ်လောင်စွာနဲ့ လူသူရှင်းတဲ့နေရာနားမှာ မြေပြင်ပေါ်ထိုင်နေတဲ့ကောင်မလေးတစ်ယောက် ဘယ်ဖက်လက်တစ်ဖက်ကမွေးရာပါ ပါမလာခဲ့ မည်သူကမိဘဖြစ်သည်သူမသိ
မည်သည့်ရက် မည်သည့်လ မည်သည့်ခုနစ်မှာသူမမွေးသည်သူမသိ သူမသိတာတစ်ခုကသူမကိုအမှိုက်ပုံကကောက်ယူမွေးစားခဲ့ခြင်း
ခန္ဓာကိုယ်ရဲ့ချို့ယွင်းချက်ကြောင့်သူနှင့်ရွယ်တူကလေးများမှာလည်းသူ့ကိုမခေါ်မပြော သူ့ကိုယ်တိုင်ကတစ်ယော​က်ထဲအထီးကျန်နေ​ခြင်းအပေါ်
ကြိုက်နှစ်သက်သည့်ပုံပင် ဘဘုန်းရဲ့အရိပ်အောက်မှာ တခြားကလေးငယ်တွေပူပန်မှုမရှိနေနိုင်ရဲ့ကောင်းပေမဲ့ သူမကတော့မနေနိုင် ရွယ်တူကောင်မလေးတွေ မိစုံဖစုံနှင့် သူမတို့ကျောင်းသို့လာရောက်အလှူလုပ်တိုင်းသူမလိုက်ငေးနေတတ်သည် ဒီဘယ်ဖက်ရင်ထဲမှာလည်းနာကျင်ရတာတဆစ်ဆစ်နှင့်
အသက်ဆယ့်ငါးနှစ်သာသာ​ရှိ​သေးတဲ့ကလေးငယ်တစ်ယောက်ရဲ့ရင်ထဲမှာငြိမ်းချမ်းမှုဆိုတာအလျဥ်းမရှိ
သူမမျက်နှာချင်းဆိုင်ခပ်လှမ်းလှမ်းက ခြံတံခါးအကျယ်ကြီးဟာအနည်းငယ်ပွင့်ဟလာတယ် ကျောပိုးအိတ်တစ်လုံးကိုလွယ်ရင်းမာကျောခက်ထန်တဲ့အကြည့်တို့ဖြင့်ခပ်သွက်သွက်လျှောက်လာတဲ့ကောင်မလေး အနောက်မှာကပ်လျက်ပါလာတဲ့အဒေါ်ကြီးဟာသူမတို့ရဲ့အကြီးအကဲ.. ကြည့်ရတာ သူမလည်းတခြားကလေးတွေနည်းတူ မိဘမဲ့ကလေးအဖြစ်ရပ်တည်နေထိုင်ရတော့မည်ထင်

HOMELESSWhere stories live. Discover now