အိမ်ဘေးကလူတချို့ ပတ်၀န်းကျင်ကလူတချို့နှင့်သူမတို့လည်းရင်းနှီးမှုရှိလာသည်
တစ်နေ့သူမ ကွမ်းယာရောင်းနေတုန်း
" အမရေ နိုင်တီတူး နွယ်ချိုနဲ့ နှစ်ရာဖိုး ရူဘီတစ်လိပ်ယူမယ် နော် "
ဆေးလိပ်တစ်လိပ်ယူပြီး ကြွပ်ကြွပ်ကြိုးဖြင့်ချည်ထားသောမီးခြစ်ကိုခြစ်၍ မီးညှိသည် တစ်ဖွာလောက်ဖွာပြီးမှ သူနှင့်အတူပါလာသော အဖော်ကောင်လေးကို
" ဟျောင့် မင်းရောသောက်ဦးမလား "
" တော်ပါပြီကွာ "
" မင်းကလည်းငါဝယ်တိုက်မှာပါကွာ "
" မဟုတ်ပါဘူးကွာ ငါ့စော်ကဆေးလိပ်တွေသိပ်မသောက်နဲ့ဆိုလို့ ငါလည်းဖြတ်နေတာ "
" အက်မယ် စော်ရှိတဲ့ကောင်တွေဆိုတော့ ပြောထားဦးပေါ့ကွာ မနက်ဖြန် ဗယ်လတိုင်းဒေးမှငါလည်း လမ်းထိပ်စတိုးဆိုင်က ချောကလက်တွေ၀ယ်ပြီး လိုက်ခြူပစ်ဦးမယ် "
" မင်းလား စော်ရဦးမယ် စော်ပစ်ကောင်ကများ လာလေကျယ်နေတယ် "
" မယုံရင်မင်းစောင့်နေပေါ့ ငါ့ကောင်ရာ "
" အမရေ ဒမှာ ၂၀၀နော် "သူမ စဥ်းစားနေမိသည် ဗယ်လတိုင်းဒေး ဆိုတာဘာလဲ မနက်ဖြန်ကရော ဘာနေ့ထူးနေ့မြတ်မလို့လဲ သူမ မသိသလို ဗယ်လတိုင်းဒေးရဲ့ အဓိပ္ပာယ်ကို လည်းနားမလည်ပါ စပ်စုချင်တဲ့စိတ်ကြောင့်
ကွမ်းယာထုပ်ကိုထိုကောင်လေးဆီကမ်းပေးရင်း" ဟို မောင်လေး "
" ဗယ်လတိုင်းဒေးကဘာလဲဟင် "သူမ မေးတော့ ထိုကောင်လေးရောသူ၏အဖော်ကပါသူမကိုကြောင်၍ ကြည့်နေသည်
" အမကတော့ လာနောက်နေတယ် "
" တကယ်မသိတာ မနက်ဖြန်ကဘာနေ့ကြီးမို့လဲ လပြည့်နေ့လား "
သူမပြောစကားကို ကောင်လေးနှစ်ယောက်ကရယ်ကြသည်
" အမကလည်းဗျာ ဗယ်လတိုင်းဒေးဆိုတာ ချစ်သူတွေအတွက်နေ့ထူးနေ့မြတ် အဲ့နေ့မှာ ကိုယ့်ချစ်သူကို ကောင်လေးတွေကကောင်မလေးတွေကို ချောကလက်တွေပေးကြတယ် အရုပ်လေးတွေပေးကြတယ် ရို့မက်တစ် ဆန်ဆန်ပေါ့
ကိုယ့်မှာချစ်သူမရှိလည်း ကိုယ်တစ်ဖက်ချစ်ရတဲ့သူက်ိုချောကလက်တွေပန်းစည်းတွေပေးပြီးချစ်ခွင့်ပန်ကြတယ် "
" အမ ကြည့်ရတာ နားလည်မဲ့ပုံလည်း မပေါ်ပါဘူးဗျာ "
YOU ARE READING
HOMELESS
Short Story" ရိုးရိုးလေးတွေးကြည့်ပါလား ငါတို့အားလုံးဟာ လူတွေပဲ ယောကျ်ားလည်းလူပဲ မိန်းမလည်းလူပဲ ယောကျ်ားနဲ့မိန်းမကမှ ချစ်လို့ရမယ်ဆိုတာ ရှေးရိုးစွဲတစ်ခုလို့ပဲမြင်တယ် အရေးကြီးတာက ကိုယ့်ဘဝကိုယ်ပျော်ရွှင်ဖို့ပဲမလား အဲ့ဒိဘောင်တွေနဲ့ ပုံစံခွက်တွေထဲနေရမှာက သိပ်ကိုမွန...