ထိုတဲအိမ်လေးပေါ်ပြန်နေတော့ ဘေးပတ်ဝန်းကျင်အိမ်အနီးအနားတချို့ကစကားတွေဖောဖောသီသီလာပြောကြသည် ကိုကျော်ဟာ မိန်းမပျိုလေးတွေကိုအရက်မူးပြီး အလွန်အကျွံဖြစ်ခဲ့သဖြင့် မုဒိန်းမှုဖြင့်ထောင်ကျနေကြောင်းသိလိုက်ရသည် ဦးလေးဖြစ်သူကလည်းလွန်ခဲ့တပတ်ကမှ အရက်၏ဒဏ်ဖြင့် ကွယ်လွန်သွားကြောင်းသိရသည် သူမသည် အရင်လိုကုန်းကျော်တံတားအောက်မဟုတ်တော့ အခုဆို ဒီတဲစုတ်လေးကိုသူမအပိုင်ယူထားလေပြီ သို့သော်မပျော်နိုင်ပါ မြ သူမကိုထားခဲ့တည်းကသူမဘဝဟာ ရှင်လျက်နှင့်သေဆုံးနေပြီ တစ်ခါတစ်ခါ မြ ကိုယောင်ယမ်းကာအော်ခေါ်တတ်သလို မြ နဲ့တူတဲ့သမီးလေးကိုကြည့်ရင်း ငိုနေတတ်သည်
အကြောင်းသိတဲ့ပတ်ဝန်းကျင်က သူတို့အိမ်ကဟင်းတစ်ခွက်ကို သူမ ထံ လာလာပို့ကြသည်
ထမင်းနပ်မှန်အောင် မှန်မှန်စားနေနိုင်ပေမဲ့ သမီးလေးရဲ့နို့မှုန့်ဖိုးကိုတော့သူမ အိတ်ကပ်ထဲကထုတ်ရသည်
စျေးအရမ်းကြီးလွန်းတာကြောင့် သမီးလေး ရဲ့မျက်နှာကိုထောက်ထားကာ ပျံ့လွင့်နေတဲ့စိတ်တွေကိုစုစည်းရင်း အရင်လိုကွမ်းယာဆိုင်လေးဖွင့်ကာ တစ်နေ့တာကိုကြိုးစားရသည် သူမရဲ့ဘဝပြန်လည်ရှင်သန်လာဖို့ရာ သမီးလေးက အားအင်ဖြစ်ခဲ့သည်
အခုဆိုသမီလေးဟာ ငါးနှစ်ကျော်ရောပေါ့
သူမက ညနေဆိုင်သိမ်းပြီးတိုင်း အိမ်ရှေ့ထွက်ထိုင်ကာ သူ့လမ်းကြောင်းပေါ်သူမောင်းနှင်နေတဲ့ကားရောင်စုံတွေကိုငေးကြည့်ရင်းတွေးတောနေရတာကသူမအကျင့်တစ်ခုလိုပင်ဖြစ်နေပြီ" မေကြီးရေ "
အိမ်ရဲ့ခပ်လှမ်းလှမ်းမှနေ၍ သူမကိုအော်ခေါ်ကာသူမဆီပြေးလာနေတဲ့သမီးလေးရယ်ပါ
ပြုံးနေတဲ့သမီးလေးရဲ့မျက်နှာကြောင့် သမီလေးဒီနေ့ပန်းရောင်းကောင်းခဲ့သည်ထင်
ကျောင်းထားရတော့မဲ့အရွယ်ရောက်ပေမဲ့ မပြည့်စုံတဲ့သူမဘဝမှာ သမီးလေးကိုမထောက်ပံ့နိုင်ရှာ
ရွယ်တူကလေးတွေ အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေဝတ်ပြီး ကျောပိုးအိတ်လှလှလေးတွေနဲ့ကျောင်းသွားတာကိုမြင်တိုင်း သမီးလေးကအားကျနေတဲ့မျက်လုံးတွေနဲ့လိုက်ကြည့်နေတတ်သည်လေ
ဒီသုံးစားမရတဲ့အမေကြီးကိုအလိုက်သိတတ်လွန်းတဲ့သမီးလေးကတစ်ခါမှမတောင်းဆိုမပူဆာသလိုသမီးလေးကသူမဘဝကိုသူမ မငြိုငြင်ဖူးပါ
YOU ARE READING
HOMELESS
Short Story" ရိုးရိုးလေးတွေးကြည့်ပါလား ငါတို့အားလုံးဟာ လူတွေပဲ ယောကျ်ားလည်းလူပဲ မိန်းမလည်းလူပဲ ယောကျ်ားနဲ့မိန်းမကမှ ချစ်လို့ရမယ်ဆိုတာ ရှေးရိုးစွဲတစ်ခုလို့ပဲမြင်တယ် အရေးကြီးတာက ကိုယ့်ဘဝကိုယ်ပျော်ရွှင်ဖို့ပဲမလား အဲ့ဒိဘောင်တွေနဲ့ ပုံစံခွက်တွေထဲနေရမှာက သိပ်ကိုမွန...