Psycho(7)

1.8K 116 0
                                    

အိမ်အရောက်

အသံတစ်သံပင်မကြားရအောင် အလွန်တိတ်ဆိတ်လွန်းသည်#

ဦးကလဲအခန်းထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်သွားပုံ ထောက်ရင် ခုနက ကိစ ကို အတွေးဝေနေပုံရောက်သည်#

အပေါ်ထပ် တက်ဖို့ ခြေလှမ်းတွေက အရမ်းလေးလွန်းသည်#

"ဟူး မနက်ဖြန် ကျောင်းပြန်တက်ရဦးမယ်....ဒီနေတော့ စောစော အိပ်ရမယ်"

အိပ်ခန်းထဲကို ဝင်ပြီး ခြေလက်ဆေး အပြီး အိပ်ရာခင်းထဲကို ခပ်မြန်မြန် ဝင်ကွေးလိုက်သည်

"တောက်..တောက်...တောက်"
(နာရီလက်တံမြည်သံ)

"ဘယ်အချိန်တွေရှိသွားပြီလဲမသိဘူး...မျက်လုံးက ဖွင့်လို့တောင်မရဘူး"

"ဒေါက်...ဒေါက်"

တံခါးရှေ့က ခေါက်သံကြားနေရတယ် တစ်ချက်တစ်ချက် တိတ်သွားပြီး တစ်ချက်တစ်ချက် ကြားရပြန်တယ်....

"ဟမ်! ဘယ်သူလဲ"

"ထွက်လာခဲ့ ဦးပါ"

"ဟုတ်ကဲ့"
ညဘက်ကြီးကို...ဘာများပြောဖို့ပါလိမ့်?

တံခါးကို ပိတ်ပြီး ထွက်လာခဲ့တော့...ဦးရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့...

"ဦး"

"မင်း အဖေက မင်းကိုရှာနေတယ်တဲ့"

"သား မသွားဘူးနော်...လုံးဝမသွားဘူး"

"ငါ့ဆီကို ချိန်းခြောက်စာတွေရောက်လာတယ်"

"ဘယ်မှာလဲ ပြ...အာ့စာ ပြ"

"ရော့ဒီမှာ"

စားပွဲပေါ်ကို စာအိတ်လေး ကို ကျွန်တော့်ဘက်ကို တွန်းပို့လာတယ်#

ကျွန်တော်လဲ စာရွက်ကို ဖွင့်ဖတ်ကြည့်လိုက်တော့အထဲမှာ လူကို ငွေနဲ့ လာလဲဖို့ရယ်...မလဲနိုင်ရင် အိမ်ကို သက်ပိုင်မြေအဖြစ်သိမ်းဖို့နဲ့ လူကိုပါ ကလေးခိုးမှုနဲ့ ထောင်ထဲ ထည့်မယ်ဆိုတာပါရေးထားသည်#

ကျွန်တော် စိတ်ထိခိုက်သလို ခံစားသွားရတာ ငိုချင်သလိုလိုနဲ့ အလိုမကျသလိုစိတ်ထစ်နေမိပြန်တယ်

ဦးရဲ့မျက်နှာကတော့ငြိုးငယ်နေရှာတယ်#

"ဦး ကျွန်တော့်ကိုပြန်ပို့တော့မှာလားဟင်"

Psycho(book1)Where stories live. Discover now