Psycho(9)

2.3K 131 3
                                    

ဒီညနေ ရုံးက ပြန်ရင် အိမ်လိပ်စာမေး ပြီး ရိပေါ်ကို စောင့်ရှောက်ဖို့ ရက် သက်မှတ်ထားတယ်

"ဟျောင့်တွေ ဒီနေ့ သောကြာနေ့ သွားသောက်ကြရင်မကောင်းဘူးလား"

"ရှောင်ကျန့်မင်းကောလိုက်ပါလား ဒီဝိုင်းက ငါတို့ 4 ယောက်ပဲ ရှိတာ"

"တော်ပါပြီကွာ ငါမလိုက်ချင်တော့ဘူး"

"ဟာ မင်းကလဲ အမြဲ ငြင်းနေတာပဲ ဟိုဖာခေါင်းတွေနဲ့တခြားစီ ငါက မင်းကိုဆိုစေတနာရှိတယ် ဟိုကောင်တွေကိုသာ မကျွေးချင်မမွေးချင်တာ"

"စေတနာရှိမှာပေါ့ သူက အများကြီးမှမသောက်နိုင်ပဲ"

"ဟုတ်ပါပြီ ငါကစတာပါ ဟန်ရှင်းကိုလဲတိုက်နိုင်တယ် မင်းကိုလဲတိုက်နိုင်တယ် ကဲကဲ အချိန်မဆွဲနဲ့ သွားကြရအောင်"

"အမျိုးမျိုး..ရှောင်ကျန့် ငါတို့သွားပြီနော် သားကြီး"

ရုံးအိတ်ကိုဆွဲကိုင်ပြီး လျှောက်နေကြလမ်းမဟုတ်တဲ့ မနေ့ကမှ ထိုင်လာတဲ့ ကော်ဖီဆိုင်လေးကို...ရုံးမှာ မသိချင်ယောင်ဆောင်နေပေမဲ့ အပြင်မှာဆို..စကားတော့ပြောဖြစ်ကြတယ်...

"အော်..အမကရောက်နှင့်ပြီလား"

"အေး မင်းလာပြီပေါ့ လာလာ"

ကျွန်တော်သူမရဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်တယ် ဘာလို့မှန်းတော့မသိဘူး အမ စီယာရဲ့မျက်နှာကိုကြည့်ရင် လွမ်းဆွတ်ပူဆွေးမှုတွေ ပျောက်သွားသလိုပဲ...

"မင်းမနေ့က ကိစ စဥ်းစားပြီးပြီလား"

ကျွန်တော်မတွေဝေပဲ တက်အပ်ပြောလိုက်တယ်

"ကျွန်တော်သွားမယ်.."

"နှစ်ခါတောင်မစဥ်းစားတော့ဘူးပဲ ကောင်းတယ်"

စာရွက်အပိုင်းအစတိုလေး လက်ကမ်းပေးလာတယ်

"အဲ့မှာ အိမ်လိတ်စာ..ပိုက်ဆံကတော့ ရိပေါ်ကိုယ်တိုင်ကပဲ တာဝန်ယူမှာမို့ အမနဲ့ မဆိုင်ပါဘူး"

"ရပါတယ် ပိုက်ဆံ ကိစကနောက်မှပေါ့"
ကျွန်တော်ကိုယ်တိုင်ကလဲ ပိုက်ဆံကို သိပ်ကပ်တွက်တဲ့သူမဟုတ်ဘူး မှတ်လား။

Psycho(book1)Where stories live. Discover now