Ep 3

300 46 10
                                    


Where’s my SEME??? Ep 3

ဂျွန်တစ်ယောက်ဒီနေ့တော့fb accသစ်နဲ့အလုပ်များနေရသည်။

ဘာ့ကြောင့်လဲဆိုတော့ see first လုပ်ထားလို့ ထိပ်ဆုံးကတက်လာတဲ့ပိုစ့်မှာ ဂျွန် crushနေတဲ့ ခပ်ချောချောကြီးက စတစ်ကော်လာနဲ့အင်္ကျီလေးရယ် ပုဆိုးလေးရယ် ဓါတ်ပုံရိုက်တင်ထားပြီး Captionမှာရေးထားတာက မနက်ဖြန်မွေးနေ့ကုသိုလ် မနက်7နာရီ ဘုရားသွားမယ်ဗျ တွေ့ရင်ခေါ်ကြဦးနော်ဆိုပြီး ရေးထားသည်။

အမှတ်တမဲ့မှ အမှတ်တရသို့ဆိုတဲ့စကားကိုတွေးမိပြန်တော့ တိုက်ဆိုင်မှုတွေကသူ့အလိုလိုမဖြစ်လဲ ကြံလို့ရသေးတာပဲလေ။

ဒါပေမယ့်မနက်စောစောထရမယ့်ကိစ္စကြီးကိုတွေးမိပြန်တော့လဲ အခြေအနေကအဆင်မပြေသေး၊ ဆိုင်တောင် ဒီပါ့ကို မနက်ပိုင်းဖွင့်ခိုင်းပြီး ဂျွန်တို့၃ယောက်က နိုးတဲ့အချိန်မှလာကြသည် မဟုတ်လား။

၁ရက်ခန့်အိပ်ရေးပျက်ခြင်းသည် ရာသက်ပန်အတွက် ရည်းစားတစ်ယောက်ရနိုင်သည်ဆိုတဲ့အတွေးက ဝင်လာတော့လဲ မနက်ဖြန်မနက်စောစောထဖို့ကိစ္စသည် ထင်သလောက်မခက်ခဲတော့ပေ။

"ဂျူ ဂျန် ခဏလာပါဦး"

"ဟေ ဘာအရေးကြီးနေလို့‌လဲ ပြောပါဦး ပိုင်တံခွန်က ငါ့ကိုကြိုက်လို့တဲ့လား ငါကမင်းသွေးခန့်ပဲကြိုက်တာနော်"

"တော်ပါဂျူရာ ရှောင်းကျန့်နဲ့ငါနဲ့ညားရင် မင်းအတွက်လဲရှာပေးပါ့မယ်"

"မတန်မရာပါဂျွန်ရယ် ဝမ်ရိပေါ်ကိုမကြောက်ရင်တောင် စကိတ်ပျံတို့ ဆိုင်ကယ်တို့ကိုကြောက်သင့်ပါတယ်၊ မင်းကလန်ဥဥနဲ့ဆိုညားလောက်တယ် ရတဲ့ဟာယူလိုက်ပါကွာ "

“ဟိုက်ခွမ်းလေးကောလေးလောက်ဆို တော်သေးတယ် ဘာလဲ လန်ဥဥ၊ လန်ဥဥက မင်းပဲဥ .. အဲလေ မင်းပဲယူ”

“ယူစရာလား ဆားနဲ့ပဲစားတော့မယ်”

ဂျွန်နဲ့ ဂျူရဲ့ ရှောင်ကောကော ဝေခွဲရေးစကားတွေကို ဂျန်ကသည်းမခံနိုင်တော့တဲ့အလား ထမေးတယ်။

“တော်ကြတော့ ဂျွန် မင်းကဘာလို့ ငါ့တို့ကိုခေါ်တာလဲ ပြောအုံး”

You've reached the end of published parts.

⏰ Last updated: Jan 28, 2021 ⏰

Add this story to your Library to get notified about new parts!

Where's is my SEME??? (Collab of Apu&Thu)Where stories live. Discover now