Jkမနက်ကျောင်းလာတော့ ကျောင်းဝမှာလှုပ်လှုပ်လှုပ်လှုပ်နဲ့ကောင်းလေးကို တွေ့တာနဲ့ ဟက်ခနဲရီလိုက်တယ် ကျောင်းလာနိုင်သေးတာပဲ ဟက်
* park jimin *
jm ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ သူရဲ့ ရှင်သန်မှုအရင်းမြစ်လေး သူ့နားကိုပြေးသွားလိုက်တယ်
*jungkook hyung ကိုခေါ်တာလား*
*ခင်များနားမပါဘူး park jimin က ခင်များမဟု ဘယ်သူလဲ*
*hyung ကတုံးတော့ မေးမိလိုက်တာပါ ဒီခေါင်းကမကောင်းဘူးလေ *
သူကိုယ်သူတုံးတယ်ဆိုပြီး လက်သေးသေးလေးတွေနဲ့ခေါင်းကိုပြန်ထုနေတယ်
*ဆွရူးပဲ ဟက် ထုရင်လည်းနာအောင်ထုလေ အုပ်ခဲနဲ့ ဖယ် ရှေ့က *
jm ကိုယ်လေးကိုတွန်းဖယ်ပြီး ကျောင်းထဲဝင်သွားသောသူ jm တကယ်နားမလည်နိုင်တော့ပါ သူ့ကိုဘာလို့မုန်းနေရတာလဲဆိုတာ ဘာပဲဖြစ်ဖြစ်ပါ မင်းပျော်နေဖို့အရေးကြီးတယ် အဲ့တာမှ ငါအသက်ဆက်ရှင်နိုင်မှာ သက်ပြင်းတစ်ချက်သာချပြီး အတန်းထဲဝင်ခဲ့လိုက်တယ် အတန်းရှေ့ရောက်တော့
*jimin လာပြီလား ငါစောင့်နေတာ ရော့ မနက်စာ အိမ်ကထည့်ခဲ့ပေးတာအန်တီကြီးကိုပြောပြီး*
*yuri ငါတောင်းပန်ပါတယ်ဟာ အခုလိုတွေမလုပ်ပါနဲ့ ငါစားခဲ့ပြီးပြီ *
*လိမ်တာ *
*ငါကဘာလို့လိမ်ရမှာလဲ နင့်ကိုလိမ်ရင်ဘာရလို့လဲ အတန်းထဲဝင်တော့ *
jm အခန်းထဲဝင်ထိုင်ပြီး ခုံအောက်ကိုကြည့်လိုက်တော့ ထမင်းဘူး မသင်္ကာလို့ yuri ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုလျှာထုတ်ပြနေတယ်
ဒီကောင်မလေးကိုတကယ်မနိုင်တာ
အမှန်တော့ သူမနက်စာကိုကျောင်းမလာခင် စတိုးဆိုင်တစ်ခုမှာ ထမင်းလိပ်နဲ့ နို့ဘူးနဲ့သာစားခဲ့တာ jimin လည်းပေးတဲ့လူစိတ်ချမ်းသာအောင် ဆရာမမဝင်ခင်စားလိုက်တယ် ပူပူလေးပဲရှိသေး ခုမှထည့်လာတာထင်တယ် စားနေရင် အတွေးတစ်ချို့က နှိပ်စက်လာသည် အရင်က ဒီလိုထမင်းပူပူလေးကို မနက်တိုင်း ကျောင်းမသွားခင် မိသားစုတူတူစားနေကြဖြစ်သည် ကျလာတော့မယ့်မျက်ရည်တွေကိုထိန်းပြီး ဆက်မစားတော့ဘဲ ထမင်းဘူးကိုပိတ်လိုက်သည်
ဒီအဖြစ်ပျက်တွေကို အခန်းဝကကြည့်နေတဲ့ကောင်လေးမြင်သွားပေမယ့် ကျလာတော့မယ့် မျက်ရည်တွေကိုတော့မမြင်ခဲ့
