Ep (3)

1.8K 200 9
                                    


   " Chaeyoung ssi အားလုံးအဆင်သင့်ဖြစ်ပြီလား "

  လက်ထဲမှာ ဖိုင်စာရွက်အချို့ကိုကိုင်ထားတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အနားကိုရောက်လာရင်း အမေးသဘောပြုတဲ့အခါ ပတ်ဝန်းကျင်ကို အနည်းငယ်ဝှေ့ကြည့်လို့ ခေါင်းငြိမ့်ပြမိတယ် ။ အခြားအပြင်အဆင်ကလွဲလို့ ဟင်းသီးဟင်ရွက်ကအစ ကျွန်မကိုင်မည့်ဓားအဆုံး ကိုယ်တိုင်ပဲပြင်ဆင်တက်သူမို့ အဖွဲ့သားအားလုံးက တစ်ညီတစ်ညွတ်တည်း စောင့်ဆိုင်းပေးကြခြင်း ။


   " Hyung  ပီဒီကင် ပျောက်နေတယ် "

   " ဘယ်လို ?  စတော့မှာကိုကွာ  မြန်မြန်လိုက်ရှာလေ "

  အနားကိုကပျာကယာရောက်လာရင်း ခပ်တိုးတိုးဆိုနေကြတဲ့ အဖွဲ့သားတွေရဲ့စကားအဆုံးမှာ ကျွန်မအနည်းငယ်မျက်မှောင်ကျုံ့မိတယ် ။ မ ဟာအလုပ်ကို အလေးထားသူတစ်ယောက်ဖြစ်သလို့ နောက်ကျသည်ဟူ၍လည်း တစ်ခါမျှပင်မရှိဘူး ။ မေ့လျော့နေဖို့ဆိုလျှင် ပို၍တောင် မဖြစ်နိုင် ။

  ဝန်ထမ်းတစ်ချို့တွေက အနားကအပြေးအလွှားထွက်သွားကြတယ် ။ ကျွန်မကိုယ်တိုင်ကလည်း မ ကိုရှာလိုစိတ်နဲ့ studio ခန်းအပြင်ကိုအပြေးလေးထွက်လို့  လက်တစ်ဖက်က မ ဆီကိုဖုန်းခေါ်နေမိတယ် ။

  စက်ပိတ်ထားတယ် ။

  စက်ပိတ်ထားတယ်တဲ့ ။

  မနေ့ကတည်းက မ ဖုန်းလေးဟာ အားရှိမနေပါဘူးလို့ မ ပြောခဲ့သားပဲ ။ ဖုန်းလေးတစ်လုံးကိုတောင် ကရုတစိုက်အားသွင်းမပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုသာ အသံတိတ်အပြစ်တင်မိတယ် ။ တစ်ခါမျှနောက်ကျဖူးသူ မဟုတ်သည်မို့ တစ်နေရာရာမှာ တစ်ခုခုများဖြစ်နေလေလားဆိုတဲ့အတွေးက နှလုံးသားကိုယောက်ယက်ခတ်စေတယ် ။


  မ ဟာ ကိုယ့်ထက်ငယ်ရွယ်လွန်းတဲ့ ကလေး လေးတစ်ယောက်လည်း မဟုတ်ပါပဲ  မ နဲ့ပတ်သတ်လာလျှင် ကျွန်မရဲ့စိုးရိမ်မှုဟာ အထွတ်အထိတ် ။ အထိအရှလွယ်တဲ့ခံစားချက်တွေနဲ့ မ ကတော့ ကျွန်မရဲ့ ဆက်ဆက်ထိမခံလေး ။

  ကျွန်မနဲ့စာရင် သေးသေးကွေးကွေးလေးဖြစ်နေတက်တဲ့ မ က ကျွန်မရဲ့ ယုယုယယလေး ဖြစ်နေရခြင်းဟာ သိပ်တော့မဆန်းကြယ် ။

ချစ်ခြင်းများစွာ Where stories live. Discover now