" Park Chaeyoung လား မသိဘူးခင်ဗျ "
" ဟုတ်ပါတယ် "
ဖေဖေနဲ့တွေ့ဖို့ ဆိုင်မှာထိုင်စောင့်နေတဲ့အချိန် ရုတ်တစ်ရက် လာနှုတ်ဆက်တဲ့ အမျိုးသားဟာ တောက်ပတဲ့ အနက်ရောင် suit ကို ကျကျနနဝတ်ဆင်ထားပြီး ဥပဓိရုပ်ဟာလည်း အဆင့်အတန်းမြင့်ပုံပေါ်လွန်းတယ် ။
" Chaeyoung shi လည်း သိပြီးသားဖြစ်မယ်ဆိုပေမယ့် ထပ်ပြီး မိတ်ဆက်ပါ့မယ် ကျွန်တော့်နာမည်က Kim Hanbin လို့ခေါ်ပါတယ် "
မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လာတဲ့ ထိုအမျိုးသားက အဆက်အစပ်မရှိသောစကားကိုလည်း ဆိုလာပြန်တယ် ။ ကျွန်မ သူ့ကိုနားမလည်သလို စူးစူးစိုက်စိုက်ကြည့်မိတော့ ခေါင်းတစ်ချက်ငုံ့လို့ ခပ်ဖွဖွလေးရယ်တယ် ။
ရှက်သွေးဖျာလောက်စရာ အနေအထားလည်းမဟုတ်ပါပဲ ဒီကောင်လေးက ဘာများဖြစ်နေတာပါလိမ့် ။
" ကျွန်မ ရှင့်ကို မသိပါဘူး "
" Ha . . . Ha Chaeyoung shi က နောက်တက်တာပဲ "
နောက်ပြောင်ပြောရလောက်စရာ အကြောင်းအရင်းကို မရှိ ။
" ဒါနဲ့ Chaeyoung shi က ပုံထဲမှာထက်အပြင်မှာ တကယ်ကိုပိုလှတာပဲ . . . ဥက္ကဌကြီးက ချက်ချင်းသွားတွေ့ဖို့ပြောလာတော့ ကျွန်တော် နည်းနည်းတောင် ကြောင်သွားသေးတယ် ရုတ်တစ်ရက်ကြီးဆိုတော့လေ "
ရယ်သံလွင်လွင်လေးနဲ့ ထိုအမျိုးသား စကား ။
အခြေအနေကို ရိပ်စားမိလိုက်တာနဲ့ ကိုယ်လည်း အသံထွက်လောက်အောင်လှောင်ရယ်မိတယ် ။ နားမလည်သလို ကြည့်လာတဲ့ မျက်ဝန်းတစ်စုံကို အားနာမိပေမယ့် စိတ်ရှုပ်စရာ ဒီအခြေအနေအတွက် ပေါက်ကွဲမှုဟာ ရယ်သံတွေပဲ ။
" ခွင့်ပြုပါဦး "
" ဟို . . မဟုတ်သေးဘူးလေ . . Park Chaeyoung shi ! "
ခေါင်တစ်ချက်ငြိမ့်ပြရင်း ထထွက်လာတဲ့အခါ အာမေဍိတ်သံအချို့နဲ့ ထိုင်ခုံမှာ ကျန်ရစ်ခဲ့တဲ့ထိုအမျိုးသား ။ ဆိုင်ထဲက ထွက်လိုက်ချင်းပဲ တစ်စုံတစ်ယောက် ( မတွေ့ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကျွန်မရဲ့ အဖေ ) ကို ဖုန်းခေါ်တဲ့အခါ စက္ကန့်ပိုင်းလောက်အကြာမှာ ထွက်ပေါ်လာတဲ့ စကားသံက
YOU ARE READING
ချစ်ခြင်းများစွာ
Fanfictionတစ်ကယ်တော့ အချစ်ဟာ ခြွင်းချက်တစ်ချို့လည်း ရှိတက်ပြီး လူမသိ သူမသိ relationship တစ်ခုဟာလည်း အရမ်းကို ကွဲကြွေလွယ်တဲ့ ကြွေပုကန်တစ်ခုပမာသာ . . . ။ [ Uni ] တစ်ကယ်တော့ အချစ်ဟာ ခြွင်းချက်တစ်ချို့လည်း ရှိတက်ပြီး လူမသိ သူမသ်ိ relationship တစ်ခုဟာလ...